အပိုင်း(၁၉)

4.2K 580 130
                                    

(Unicode+Zawgyi)

"ရွှေချောင်းတွေဘယ်တော့သယ်လာမှာလဲ"

"ဒီလကုန်လောက်ဖြစ်နိုင်ပါတယ်၊ ရွှေကအခုမှကျင်ရတုန်းမို့လို့ပါ"

"ဒါဆို ယွန်းဈေးကွက်ကရော.."

"ပြည်ပထိုးဖောက်ဖို့ကြိုးစားနေပေမယ့် အလုပ်သမားမလုံလောက်မှုကြောင့် အခက်တွေ့နေရပါတယ်"

"အလုပ်သမားခေါင်းဆောင်ကိုခေါ်လိုက်ပါ၊ လုံလောက်အောင်ပြောင်းလဲသင့်တာပြောင်းလဲရလိမ့်မယ်၊ အဓိက,က မြန်မာ့ယွန်းထည်တွေကို ကမ္ဘာကသိမြင်နိုင်ဖို့အရေးကြီးတယ်"

"ဟို ဟို ဒါပေမယ့် မမအေးရဲ့ခွင့်ပြုချက်မရရင်...."

"ကျစ်! ကျွန်တော်ကယာယီဥက္ကဌပါ၊ ကျွန်တော့်ကိုမယုံကြည်ရင် ဒီနေရာကနေ ကျွန်တော်ထရပါလိမ့်မယ်"

မင်းပျိုက နေရာမှထလိုက်ကာ ခုံကိုလက်ညှိုးထိုး၍ပြောသည်။

"တောင်းပန်ပါတယ်၊ အလုပ်သမားခေါင်းဆောင်ကိုခေါ်လိုက်ပါ့မယ်"

မန်နေဂျာအပြင်ထွက်သွားတော့မှ နေရာမှာ မင်းပျိုပြန်ထိုင်လိုက်သည်။ မနက်ကတည်းက အလုပ်မပြတ်နိုင်ဘဲ စားပွဲပေါ်ခေါင်းစိုက်ပြီး ကြိုးစားနေသည်။ ဒေါ်အေးပျိုမရှိတဲ့အချိန်တွေမှာ မင်းပျိုအတော်လေးတော့ကြိုးစားရတော့မည်။ အမျိုးသမီးဦးစီးနေတဲ့ဒီလုပ်ငန်းကို အမျိုးသားဖြစ်တဲ့မင်းပျို ခေတ္တဦးစီးနေပေမယ့် ဒေါ်အေးပျိုလောက် ဩဇာမညောင်းသလို ဒေါ်အေးပျိုလောက် လူရည်ချွန်မလုပ်နိုင်။

မင်းပျိုသက်ပြင်းချလိုက်သည်။ ထိုစဉ် ကိုမောင်ဝင်လာ၏။

"ကိုမင်း..နေ့လည်စာစားလို့ရပါပြီ"

"ကျွန်တော်လာခဲ့မယ်၊ စာရင်းတစ်ချို့ပြန်စစ်ရဦးမှာမို့လို့"

ကိုမောင်ကခေါင်းညိမ့်လျက် အပြင်ပြန်ထွက်သွားသည်။ ထိုအချိန်မှ မင်းပျိုက ရုတ်တရက်

"ကိုမောင်..ကပွဲကဘယ်တော့လဲ"

"ဘယ်ကပွဲကိုပြောတာလဲခင်ဗျ"

"အညို့ကပွဲလေ၊ ဒီနေ့မရှိဘူးလား"

"ရှိသံတော့မကြားဘူး၊ အဲ ပုဂံမှာမရှိပေမယ့် ညောင်ဦးမှာတော့ ညကျရင်ရှိတယ်လို့ကြားတယ်"

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now