အပိုင်း(၃၂)

5K 645 123
                                    

(Unicode+Zawgyi)

နတ်တော်ရောက်ငြား မိုးသားမငြိမ် ဆင်ရာတိမ်

အချိန်ကာလသည် ဒီဇင်ဘာလဆီ ချင်းနင်းရောက်ရှိနေပြီဖြစ်သည်။ ဆောင်းတို့သခင်မ နှင်းဘုရင်မက မြူခြုံလွှာအထပ်ထပ်ဖြင့် ကမ္ဘာမြေကြီးပေါ် လှပစွာသက်ဆင်းလာသောကာလလည်းဖြစ်သည်။ သို့ပေမယ့်တော့ မိုးဟူသောအကြင်နတ်သားက အလုံးစုံထွက်သွားသေးတာမဟုတ်။ ဒါ့ကြောင့်လည်း ရံဖန်ရံခါ မိုးဖွဲလေးတွေ ကြွေကျတတ်သည်။ နှင်း၏အစိုဓာတ်၊ မိုး၏အစိုဓာတ်တို့ကြောင့် ပုဂံမြေဟာ အစဉ်အမြဲစိုလက်နေတတ်သည်။

တိမ်ထုသားဖြူဖြူဟာ ရုတ်တရက် တိမ်စိုင်ငယ်လေးတွေအတွက် ကွဲထွက်သွားသည်။ အကြောင်းကိုရှာကြည့်လိုက်တော့ လေယာဉ်တစ်စင်းကြောင့်ပေတည်း။ လေယာဉ်ဟာ တဖြည်းဖြည်းနဲ့ မြေကြီးပေါ်သို့ ထိဆင်းလာပြီ။ လေယာဉ်နဲ့မြေကြီးထိကပ်မှုကြာမြင့်ပြီးနောက်မှာ ထို့အထဲမှ လူတွေများစွာထွက်လာကြသည်။ ထိုလူတွေထဲမှာမှ အမျိုးသားတစ်ယောက် တစ်နည်းအားဖြင့် နိုင်ငံခြားသားတစ်ယောက်က သူ့ရဲ့မူအတိုင်း ဝတ်ပုံစားပုံဖရိုဖရဲနဲ့ ကျောပိုးအိတ်တစ်လုံးကိုသာလွယ်လျက် ထွက်လာသည်။ လေယာဉ်ပေါ်ကဆင်းလျှင်ဆင်းချင်း သူ့နာမည်အတိုင်း ကောင်းကင်ကိုမော့ငေးပြီး တစ်ချက်မျှပြုံးလိုက်သည်။ သူ့ပုံစံက သာမန်ထက်ပိုမိုရွှင်သွက်လေသည်။ စိတ်လက်ပေါ့ပါးနေသကဲ့သို့ လေပေါ်မှာဝဲသဘိကဲ့သို့ရှိသည်။

"အေးသားပဲ မနှစ်ကထက်.."

တစ်နှစ်ကျော်အကြာ။ အတိအကျဆိုရလျှင် တစ်နှစ်နဲ့တစ်လအကြာတွင် ပုဂံမြေပေါ်သို့ ဒုတိယအကြိမ်ခြေချဖြစ်သည်။

လေဆိပ်ထဲရောက်တော့ အတိတ်တစ်ချို့ဟာ သူ့အာရုံထံ ပြေးဝင်ကပ်ငြိကြသည်။ လုံခြုံရေးတွေရဲ့ဆွဲထုတ်ခြင်းကိုခံနေရသောလူတစ်ယောက်ဟာ သူ့နာမကိုအော်ဟစ်လျက် သူ့ကိုထွက်မသွားဖို့ တောင်းဆိုနေခဲ့သည်။ ဒါပေမယ့် သူဟာ တစ်နေ့မှာတော့ မာကြောစွာထွက်သွားခဲ့သည်။ ထိုမာကြောမှုတွေဟာ အခုတော့ တစ်စစီပဲ့ကြွေလို့ ထိုလူတစ်ယောက်ရှိရာ၊ သူချစ်ရတဲ့ထိုလူတစ်ယောက်ရှိရာကို ပြန်လာခဲ့ပြီ။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now