အပိုင်း(၃၁)

4.8K 610 123
                                    

(Unicode+Zawgyi)

ကွေ့ကွေ့ဝန်းဝိုက်
ထွေးပိုက်စုန်ဆင်း၊ မြစ်မင်းဧရာ
မပြောသာနှင့်၊ သည်မှာဘုရား
သည်နားပြိုပျက်၊ ကြုံရချက်ကို
ကျမျက်ရည်ဖိတ်၊ ငိုမတိတ်၍
ပြည့်သိပ်မြစ်ပြင်၊ ဖွေးဖွေးတကား...
ရီဝေအုံမှိုင်း၊ မြူမင်ဆိုင်းသည်
ရှစ်တိုင်းဌာနေ ငိုဟန်တကား...။ (အောင်စိုး)

လောကနန္ဒာဘုရားရှေ့ကအကြော်ဆိုင်တွင် ရေညိုရစ်ထိုင်နေသည်။ အမှတ်တရပေါင်းများစွာရှိသော ဤမြေမှဤနေရာကို ရေညိုရစ်မလာလို၍ အကြိမ်ကြိမ်ရှောင်ပြေးခဲ့ဖူးပြီးပြီ။ ဒါပေမယ့် အချိန်ကာလတွေတိုက်စားသွားပြီးနောက်မှာတော့ လောကနန္ဒာဘုရားထံ ရေညိုရစ်ပြန်ရောက်လာခဲ့သည်။ စားချင်စိတ်မရှိဘဲ အကြော်တွေမှာလိုက်ပြီး တကယ်မစားဘဲ တွေတွေကြီးထိုင်ကြည့်နေလေသည်။

"ဟင်း..."

သက်ပြင်းတစ်ချက်ချလိုက်ရင်း ထိုအကြော်တွေကို ပါဆယ်ယူထုတ်လာလိုက်သည်။ ထို့နောက် ဘုရားပေါ်တက်ခဲ့လေ၏။

ဘုရားပေါ်အတက်လှေကားတွေဟာ ဒီနေ့ကျမှ ပိုမိုကြမ်းရှနေတယ်ထင်ရသည်။ အရင့်အရင်ကာလများတုန်းက ဒီဘုရားကိုတစ်ယောက်တည်း အေးအေးချမ်းချမ်းလာဖူးသည်။ ပြုံးပြုံးရယ်ရယ်ပြန်ဖူးသည်။ အခုတော့လည်း တစ်စုံတစ်ယောက်ကိုလွမ်းလျက်သာ လေးတွဲ့၍ လျှောက်နေရသည်။

ဘုရားပေါ်ရောက်တော့ ဧရာဝတီမြစ်ပြင်ကျယ်ကို ငေးမိသည်။ လွမ်းစိတ်နှောက်တာကြောင့် ငိုချင်လာတာကို မြစ်နဲ့အတူ တပြန့်တပြောရှိနေတဲ့သဲသောင်ပြင်က အားဖြည့်ပေးနေသလိုရှိသည်။ နေရောင်တစ်ချက်ပွတ်ထိချိန်တိုင်း လက်ခနဲဖြစ်သွားတဲ့မြစ်ဟာ တစ်ချိန်က သူနဲ့အတူ ငေးကြည့်ဖူးတဲ့အမှတ်တရမြစ်တစ်စင်းပါ။ ကြောင့်ကြစိတ်တွေကြောင့် တစ်ရက်ပြီးတစ်ရက်မောနေရရင်း တစ်ယောက်တည်းအထီးကျန်ဆန်ဆန်ဖြတ်သန်းခဲ့ရတာ တစ်နှစ်တောင်ရှိတော့မည်။ နေသားကျသလား၊ မကျသလားတော့ ရေညိုရစ်အတိအကျမပြောနိုင်။ ဒါပေမယ့် အချိန်မှန်မှန်လွမ်းဆွတ်ခြင်းကိုတော့ သေချာသင်ယူတတ်ခဲ့ပါသည်။

"ခင်ဗျားဘယ်ဆီရောက်နေသလဲ၊ စာတစ်စောင်တောင်မရေးတဲ့ခင်ဗျားက ကျုပ်ချစ်ရသူဆိုတာ ကျုပ်တစ်ယောက်တည်းသိတဲ့အမှန်တရားတစ်ခုလား၊ ပြန်မလာတဲ့ခင်ဗျားကို နေ့စဉ်မျှော်နေမိတဲ့ကျုပ်က ဒီဘဝမှာရော ထပ်နာကျင်ရဦးမှာလား...ခင်ဗျားရယ် ကျုပ်တော့လွမ်းလိုက်တာ"

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now