အပိုင်း(၁၄)

4.6K 618 125
                                    

(Unicode+Zawgyi)

ဧရာဝတီမြစ်ပြင်ကျယ်သည် လွမ်းမောစိတ်အား တိုးဆပွားလျက် သူနဲ့အတူ ထိုင်ဖူးနေရာ မြစ်ပြင်ဆုံ၌ တစ်ကိုယ်တည်းမှိုင် သူ့အားတမ်းလျက် ဆွတ်ပျံ့ငိုရရှာတော့သည်...

အိမ်မှာမနေချင်တော့တဲ့ရေညိုရစ်က Skyနဲ့အတူထိုင်ဖူးတဲ့ သရက်ပင်တန်းဆီ တစ်ကိုယ်တည်းရောက်သွားသည်။ လေယာဉ်ချိန်မမေးမိတဲ့အတွက် ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်နဲ့ မောနေရတုန်း လေဆိပ်ဆီအပြေးသွားချင်စိတ်ကိုလည်း ထိန်းချုပ်လို့မရဖြစ်နေ၏။

နေရောင်မှုန်တဲ့ကောင်းကင်ကြီးကိုငေးလျက် လေယာဉ်ပျံတစ်စီးလောက်များ တွေ့ရလေမလားဆိုပြီး မျှော်သည့်ဇောကပ်နေသည်။

"ကိုယ့်လူရယ်...မသွားပါနဲ့၊ မသွားပါနဲ့ကိုယ့်လူရယ်၊ ကျုပ်ပင်ပန်းလွန်းလို့ပါ၊ ကျုပ်ကိုထားမသွားပါနဲ့ကိုယ့်လူရယ်"

ငိုတော့မလိုမျက်နှာထားနဲ့ တစ်ယောက်တည်းစကားတွေပြောနေသည်။ တစ်စတစ်စအချိန်ကုန်လာတာနဲ့အမျှ ရေညိုရစ်မောနေရတာမဟန်နိုင်တော့။ ဒါ့ကြောင့်မို့လို့ စိတ်ဆုံးဖြတ်ပြီး စက်ဘီးနဲ့သုတ်ခြေတင်တော့သည်။

တစ်နေရာသို့...

ပုဂံညောင်ဦးလေဆိပ်...

လေဆိပ်ဝင်းအရှေ့ရောက်တော့ စက်ဘီးအားလွတ်ချကာ အပြေးဝင်သွားသည်။ ပိုင်ရှင်ဖြစ်သူရဲ့ရက်စက်ခြင်းကိုခံရတဲ့စက်ဘီးလေးကတော့ ကတ္တရာလမ်းမထက်မှာ ပိုးလိုးပက်လက်လဲနေရှာသည်။ ရေညိုရစ်က လေဆိပ်အတွင်းထဲဝင်ကာ ဟိုဟိုဒီဒီလိုက်ရှာသည်။

"ကိုယ့်လူ...ကိုယ့်လူ..."

ရှုပ်ပွေနေတဲ့လူတွေကြားထဲ ရေညိုရစ်တိုးဝှေ့သွားသည်။ အပြေးတစ်ပိုင်းနဲ့ တစ်ကွေ့ပြီးတစ်ကွေ့ဝင်ထွက်သွားလာရှာဖွေနေသည်။

"ဟို ဟို ဟို..."

"ဘာများကူညီပေးရမလဲခင်ဗျ"

"နယူး နယူးဇီလန် နယူးဇီလန်ကိုသွားမယ့်လေယာဉ်က ဘယ်တော့ထွက်မှာလဲ..."

"ခဏလေးပါ၊ ကြည့်ပေးပါ့မယ်ခင်ဗျ"

ထိုအချိန်အတွင်းမှာ ရေညိုရစ်က ခြေထောက်လေးတွေဆွတတဖြစ်နေသည်။ လွတ်သွားမှာစိုးတဲ့စိတ်က တစ်ကိုယ်လုံးကိုဝါးမျိုနေသည့်အလားဖြစ်နေ၏။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now