အပိုင်း(၉)

5.4K 720 81
                                    

(Unicode+Zawgyi)

ပုဂံမှာသာတဲ့လကသိပ်လှသည်။ ထိုလရဲ့ပုဂံမြေပေါ်ဖြာကျနေတဲ့အလင်းရောင်တွေကလည်း သိပ်လှသည်။ လရောင်ရဲ့စီးဆင်းမှုထဲ မျောပါနေတဲ့ပုဂံမြေဟာလည်း သိပ်လှသည်။ အဲ့သလို အလှပေါင်းစုရုံးခညောင်းနေတဲ့ပုဂံမြေမှာ Skyရှိနေခဲ့တာ ၅ရက်ပြည့်ပြီ။

တစ်ပတ်စာတည်းခိုခပဲတက်နိုင်တာမို့လို့ တစ်ပတ်တည်းဖို့ပဲပေးထားသည်။ တစ်ပတ်ပြည့်လျှင် ဒီဟိုတယ်ကနေ Skyထွက်ခွာရမည်။ ဒါ့အတွက်ကြောင့် Skyရင်လေးနေပါသည်။ အလွန်ခါးသက်တဲ့ကော်ဖီကို မိုက်ခွက်နဲ့အပြည့်ဖျော်ကာ ညမအိပ်ရရေးအတွက် တစိမ့်စိမ့်သောက်လို့နေ၏။

တည်းခိုနေတဲ့ဘန်ဂလိုအခန်းပြတင်းပေါက်‌ကနေ အဝေးကလမင်းအား ငေးမျှော်ကြည့်လျက် နေ့ခင်းကသူ့အာရုံတွင်ထင်လာသမျှပုံရိပ်တွေကို ပြန်လည်တွေးတောမိသည်။

"အညို...."

ဒီအခေါ်အဝေါ်ကို Skyရင်းနှီးသည်။ နှုတ်ခမ်းဖျားမှာသိပ်အရသာတွေ့သည်။ ဒီလိုခေါ်လိုက်ရချိန်တိုင်း ရင်ထဲမှာ ဝမ်းသာဝမ်းနည်းနှစ်မျိုးခံစားရသည်။

သူ့ဘက်ကသဘောတွေ့ပေမယ့် ရေညိုရစ်ကတော့ ကြိုက်တဲ့ပုံမပေါ်ပါ။ အခေါ်ခံတိုင်း မျက်လုံးလေးတွေစူးရဲသွားပြီး နှုတ်ခမ်းလေးတွေတင်းသွားတတ်တာ Skyကိုယ်တွေ့ပါ။ သူကရောဘာလို့ဒီလိုခေါ်မိသလဲမသိသလို ရေညိုရစ်ကရော ဘာလို့ရန်မလုပ်လဲမသိပေ။

အာနန္ဒာဘုရားပရဝုဏ်အတွင်းမှာ ဆန်းကြယ်တဲ့အာရုံတွေအတွင်း ဒီလိုခေါ်လိုက်မိတော့ စိတ်မဆိုးတဲ့ရေညိုရစ်က သူ့ကို ကျန်စစ်သားဥမင်၊ သူဌေးမုဒ်ဂူ၊ ငှက်ပစ်တောင်စေတီ၊ ငါးမျက်နှာစေတီ၊ စိန်းညက်ညီအစ်မဘုရား၊ အရှေ့ဖက်လိပ် အနောက်ဖက်လိပ်ဘုရားနဲ့ ဝက်ကြီးအင်းဂူပြောက်ကြီးဘုရားတို့အထိ စုံနေအောင်လိုက်ပို့ပေးကာ သမိုင်းကြောင်းတွေလည်းရှင်းပြပေးသည်။ ဆိုင်ကောင်းကောင်းလိုက်ပို့ကာ ဧည့်ခံပေးသည်။ ဒါပေမယ့် အပိုစာသား ပြောရရင် မိတ်ဆွေဖြစ်စကား လုံးဝမပြောပေ။ ဒီလိုနီးကပ်စွာသွားလာရသည့်တိုင်အောင် Skyအပေါ်စိမ်းသက်သလို ခံစားနေရသည်။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now