အပိုင်း(၁၇)

4.7K 611 101
                                    

(Unicode+Zawgyi)

အတိတ်တဲ့။

ဆိုးကံ ကောင်းကံ ထိုနှစ်ကံကို မေ့ရန်ကြိုးစား နေသော်ငြားလည်း ထိုးကြလက်ညှိုး ပြစ်တင်ကြားထဲ ပက်လက်မြောကာ လှော်ရပါမူ အားတင်းစိတ်လေး မပြိုကွဲခင် နောက်ထပ်တစ်ဖန် ကြားချင်ပါရဲ့ ဆိုးကံ ကောင်းကံ ထိုနှစ်ကံရဲ့ ဝဋ်ကြွေးဆန်သောအတိတ်ရယ်...

တစ်ခါက တစ်ခါက တစ်ခါတုန်းက...

ပုံပြင်မဟုတ်၊ ဒဏ္ဍာရီမဟုတ်... သို့ပေသိ ရာဇဝင်လည်းမမြည်... မြေဧကအနည်းငယ်ကလူတွေသာ သိကြမီကြတဲ့အကြောင်းလေးတစ်ခု...

တစ်နေ့တော့ သူတို့အားလုံးမေ့သွားကြမှာ... သားစဉ်မြေးဆက် တစ်ရက်ပြီးတစ်ရက်ကုန်လွန်သွားရင်း မေ့သွားကြမှာ... မမေ့ခင်ခဏတော့ သိသင့်တဲ့သူတစ်ယောက် သိဖို့အရေး စိတ်နဲ့ ခန္ဓာအား ဆယ်စုနှစ်၅ခုကျော်လောက် နောက်ပြန်ပို့ရင်း အတွေးစတွေအား ချဲ့တွင်ခဲ့လေသည်။

၁၉၆၈ခုနှစ်၊ ပြာသိုလရဲ့ ရက်ရာဇာတစ်ရက်တွင်...

"ပျိုကညာ ဂုဏ်မှာတင့်တယ်လို့××ဆိုစရာ အပြစ်များရယ်လို့××ဪ...မရှိ ဪ ဪ မရှိ မရှိပြီ××"

ဆိုင်းသံတွေကြားထဲကနေ အသံချိုလေးထွက်ပေါ်လာသည်။ သာယာလှတဲ့အသံကြောင့် သီချင်းမှာပိုမိုအသက်ဝင်သွားဟန်ရှိသည်။ အသံရှည်ဆွဲဆိုပြီး ကိုယ်လုံးကိုယ်ထည်ကို အချိုးကျစွာလှုပ်ခတ်နေ၏။ ‌ခြေထောက်ကလည်း တော့ကာတော့ကာ၊ မျက်နှာကလည်း ပြုံးကာပြုံးကာ ပျဉ်စင်မြင့်ပေါ်မှာကနေသည်။

"တစ်မျှော်ခေါ်လိုက်ပါလို့××တစ်မျှော် တစ်မျှော်ခေါ်လိုက်ပါလို့××ငေးချည် တွေးချည် လွမ်းချည်နဲ့ ငိုရသည်မောင်ရယ်××ဒီတောင်ဖျားမှာဖြင့် ငေးရ တွေးရ လွမ်းရတာနဲ့ မောပါပြီမောင်ရယ်××လာပါတော့ ဪ လာချည်ပါတော့ မျှော်....×××"

ဗုံသံတွေညံသွားသည်။ အလင်းရောင်တွေတလက်လက်ထဲ အသားရောင်မင်းသမီးဝတ်စုံလေးနဲ့ ကျော့နေအောင်ကပါသည်။ ကနေချိန်တိုင်းမှာတော့ ပျဉ်စင်မြင့်တွေဟာ သူ့အပိုင်လို။ ဟုတ်ပါသည်။ သူပိုင်ပါသည်။ ချိန်ရီညနေချမ်းနဲ့ ညချမ်းလသာသာနေ့များမှာ သူဟာဘုရင်မ။ ပျဉ်စင်မြင့်ဟာ ပလ္လင်။ ကခြင်းက ဝါသနာ။ ပရိသတ်ဟာ ကျေးဇူးရှင်။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now