အပိုင်း(၂၆)

4.3K 585 132
                                    

(Unicode+Zawgyi)

ငြင်း...

လက်ပံပွင့်တွေကြွေလည်း လေကြောင့်မဟုတ် ကြွေချိန်တန်တာလို့ငြင်းမှာပဲ...

သစ်ရွက်တွေကြွေလည်း နွေကြောင့်မဟုတ် ကြွေချိန်တန်တာလို့ငြင်းမှာပဲ...

ငါးတွေကြွေလည်း ရေကြောင့်မဟုတ် ကြွေချိန်တန်တာလို့ငြင်းမှာပဲ...

ဝေချိန်ရှိရင်တော့ ကြွေချိန်လည်းရှိမှာပေါ့... လွမ်းရတယ်ဆိုတာ လွမ်းမိလောက်အောင်မေတ္တာပေးခဲ့တာကြောင့်... ဒီလိုမဖြေချင်လည်း လွမ်းချိန်တန်တာလို့ငြင်းမိမှာပဲ...

အငြင်းခံရတဲ့ကောင်လေးဟာ ညနေခင်းမှောင်ရီပျိုးချိန်မှ ညမိုးချုပ်သည့်တိုင်အောင် လက်ရှိနေတဲ့နေရာမှာပဲမြဲအောင်ထိုင်နေဆဲပါ။ မကြာခင် နန်းမြင့်မျှော်စင်ပိတ်တော့မည်ဖြစ်ကြောင်း တာဝန်ရှိသူတွေကလာရောက်သတိပေးသော်လည်း ထိုနေရာကနေ ခြေတစ်ဖဝါးခွာချင်စိတ်မရှိပါ။ ချစ်ရသူထားခဲ့တဲ့နေရာမှာပဲနေချင်ပြီး ‌သေချင်သည်တဲ့။

Skyရဲ့မျက်လုံးပြာတွေဟာ ရီဝေညှို့မှိုင်းနေသည်။ ပါးပြင်ပေါ်သို့ မျက်ရည်ပေါက်ကြီးငယ်ကျမနေပေမယ့် မျက်လုံးထဲမှာတော့ အမြဲမျက်ရည်ရှိသည်။ ဝဲတက်လာတဲ့မျက်ရည်တွေကို မျက်တောင်နဲ့စဉ်ဆက်မပြတ်ပုတ်ခတ်နေပြီး သက်ပြင်းကလည်းတရှိုက်ရှိုက်နဲ့ သူဟာ လွန်စွာမှကိုမောပန်းနွမ်းနယ်နေရှာသည်။

ခဏကြာတော့ နန်းမြင့်မျှော်စင်ပိတ်လေပြီ။ ထို့အတွက် Skyလည်း အပြင်ထွက်လာရသည်။ အပြင်ရောက်တော့ အူလည်လည်နဲ့ တင့်ထူးအိမ်ကိုဘယ်လိုပြန်ရမလဲ ဦးစွာတွေးရသည်။

"ထားခဲ့တဲ့သူကလည်း ထားခဲ့နိုင်မှတော့ ‌ကျန်နေခဲ့တဲ့သူကလည်း ကျန်နေခဲ့နိုင်ရမှာပေါ့"

ပုဂံမှာ သုံးဘီးတွေပေါလာတာမကြာသေး။ ဒီနေ့ည ကံကောင်းစွာပင် သုံးဘီးတစ်စီးကိုရလိုက်သည်။ လိပ်စာအတိအကျမသိလေတော့ လောကနန္ဒာဘုရားရှေ့လို့သာ မောင်းသူကိုပြောလိုက်သည်။ သုံးဘီးကတော့ အကာအရံကင်းမဲ့လို့ ပြင်ပကလေတဖြူးဖြူးတိုက်တာကို ထိုင်နေရင်းခံစားလို့ရသည်။ ထိုလေတွေက Skyမျက်နှာကို ကြမ်းရှစွာဖြတ်တိုက်‌ချိန်တိုင်း ရေညိုရစ်ကိုလွမ်းရသည်။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now