အပိုင်း(၂၁)

4.3K 582 86
                                    

(Unicode+Zawgyi)

အူ...

ခွေးအူသံ။ သုံးမျိုးသုံးစားသောခွေးအူသံများအနက် ယခုကြားလိုက်ရသောအူသံသည် သရဲ (သို့မဟုတ်) မကောင်းဆိုးဝါးမြင်လို့အော်တဲ့အူသံဖြစ်လိမ့်မည်။

ထို့နောက် မချိုမြင့်ရဲ့ ပက်ပက်စက်စက်ဆဲသံကို တိတ်ဆိတ်စပြုနေတဲ့ရွာတစ်ခွင်၌ ညံပွက်နေအောင်ကြားလိုက်ရသည်။ ညသန်းခေါင်ရောက်လာလျှင် မချိုမြင့်တို့အိမ်ဘေးရှိကုက္ကိုပင်အောက်မှာ ရိပ်ရိပ်အရာတစ်ခုကို မြင်ရလေ့ရှိသည်။ အစတော့ မချိုမြင့်က ကြောက်လန့်စွာနဲ့ ဘုရားစာတွေစုံနေအောင်ရွတ်ပါ၏။ ဒါပေမယ့် ထိုရိပ်ရိပ်ကပျောက်မသွား။ နောက်ပိုင်းမှာ မချိုမြင့်က သတ္တိမွေးကာ အထာနပ်စွာဖြင့် စတင်ဆဲဆိုပါတော့သည်။ ထိုဆဲဆိုသံထွက်ပေါ်လာတိုင်း ရိပ်ရိပ်သည် အစအနကင်းမဲ့စွာပျောက်ဆုံးသွားပါ၏။

အတန်ကြာတော့ ခွေးအူသံတွေရော၊ မချိုမြင့်ရဲ့ဆဲဆိုသံတွေပါ မရှိတော့ဘဲ တဖန်ပြန်တိတ်သွားသည်။

"ပြီးတော့ ဘာဆက်ဖြစ်လဲ"

ရေညိုရစ်က မျက်ရည်ဝဲနေတဲ့မျက်ဝန်းတွေကို ဖုံးကွယ်ချင်တာကြောင့် မျက်တောင်များကိုပုတ်ခတ်လိုက်ပြီး မျက်ရည်မကျအောင်ပြန်တင်းလိုက်သည်။

"ကျုပ်မေးတာဖြေဦးလေဗျ၊ ဘာဆက်ဖြစ်လဲလို့"

အမေဝိုင်းက သူမနှုတ်ခမ်းကိုလျှာနဲ့တစ်ချက်သပ်လိုက်ပြီး စကားဆက်ဖို့အရှိန်ယူလိုက်၏။

"ကျန်တာတွေကိုတော့ လူလေးဘာသာမှတ်မိအောင်ကြိုးစားတော့ပေါ့.."

"ဟာ အမေကြီးကလည်းဗျာ..ကျုပ် ကျုပ်မမှတ်မိတော့ရင် ကျုပ်သိချင်တဲ့အဖြေဘယ်ရတော့မလဲ"

"လူလေးရေညိုရစ်..ဒါတွေအားလုံးကို လူလေးအခုသိဖို့မလိုဘူးလေကွယ်၊ အတိတ်ဆိုတာမျိုးက မသိသင့်မသိထိုက်တဲ့ဘဝမျိုးရယ်ပါ၊ လူလေးဆီမှာ နာကြည်းချက်တွေပိုများလာမှာကို အညို့ကိုသိနေတဲ့အမေကြီးက ဘယ်လိုကြည့်ရက်နိုင်မှာလဲ"

ရေညိုရစ်ကငေါက်ခနဲထရပ်လိုက်သည်။ ထို့နောက် ဆုံတဲအပြင်ထွက်သွားကာ တိုင်လုံးတစ်ခုအား ကျစ်ကျစ်ဆုပ်ထားပြီး အံကြိတ်ထားသည်။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now