အပိုင်း(၂၃)

4.4K 538 116
                                    

(Unicode+Zawgyi)

အလိုရှိရာ တောင့်တအပ်သော မြတ်နိုးခြင်းသို့ ဆုံနေပေမယ့် လွမ်းလှိုက်ရသည် ပြန်မည့်ဧည့်သည် ထိုယောက်ျားကို ဆွဲထားချင်လျက် မဆွဲရက်က ချစ်မှုရေးရာ အဖြာဖြာကို မေ့ထားလိုက်ချင် ပြုံးလိုက်ချင် အကြင်ယောက်ျားပျော်ဖို့တည်း။

"ထန်းပင်တွေဘယ်မှာလဲ"

"ကိုယ့်လူ...ဂျီတိုက်လွန်းအားကြီးတယ်နော်"

"ကိုအညိုကလည်း..."

"ဘာကိုအညိုကလည်းတုန်း၊ သုံးနှစ်သားထိန်းနေရသလို ကျုပ့်မယ်နားပူရော့"

ရေညိုရစ်က Skyကိုကြည့်ကာငြီးငြူပြောဆိုနေသည်။ Skyပုံစံမှာ နေပူထဲကြာနေတာကြောင့် စိတ်အိုက်နေပုံရသည်။ လက်နဲ့ ပါးနှစ်ဖက်တွေမှာ အနီကွက်တွေထလာပြီ။ Skyက တစ်ခါတစ်ရံ ထိုအနီကွက်တွေအား လေနဲ့မှုတ်တတ်၏။

"ဟော ပြစမ်း"

Skyလက်ကို ရေညိုရစ်ကဆွဲယူကာ မျက်လုံးအပြူးသားနဲ့ကြည့်နေသည်။

"ဟာ ပါးမှာရော"

ရေညိုရစ်က စိတ်ပူနေတဲ့မျက်လုံးနဲ့ Skyအားအကြောင်သားငေးကြည့်နေသည်။

"ရပါတယ်၊ ဘာမှမဖြစ်ပါဘူး"

"ဘာကိုဘာမှမဖြစ်ရမှာတုန်း၊ နီရဲနေပြီလေ"

"ကျွန်တော်အဆင်ပြေပါတယ်၊ ဒါကပျောက်သွားလိမ့်မယ်၊ ကျွန်တော်တို့ထန်းပင်တွေဆီသွားရအောင်လေ"

သူကသာစိတ်ပူနေပေမယ့် သူ့အချစ်ကတော့ ထန်းပင်တွေကိုသာစိတ်ဝင်စားသည်လေ... ဒါဟာ သူ့ရင်ထဲကစိုးရိမ်ပူပန်မှုကို ဂရု့မထားတဲ့သဘောပေလား...

"ကိုအညို"

"ဟမ် အေး သွားကြတာပေါ့"

ထန်းပင်တွေပေါများလှတဲ့ပုဂံ၊ ညောင်ဦး၊ ကျောက်ပန်းတောင်းတစ်ဝိုက်မှာ Skyကိုပြချင်တဲ့ထန်းပင်တွေရှိတဲ့နေရာက ညောင်ဦးမြို့စွန်မှာရှိသည်။ ခရီးကအနည်းငယ်ဝေးတာကြောင့် E-bikeနဲ့သွားလို့ဖြစ်မှာမဟုတ်။ ဒါ့ကြောင့် သီရိပစ္စယာဘက်ကိုပြန်လာကာ ငှားလာတဲ့E-bikeတွေကိုပြန်အပ်လိုက်ပြီး ဆိုင်ကယ်တစ်စီးထပ်မံငှား၍ ထန်းပင်တွေဆီ တူနှစ်ကိုယ်ထွက်ခဲ့ကြလေတော့သည်။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now