အပိုင်း(၃)

8K 1K 44
                                    

(Unicode+Zawgyi)

နယူးဇီလန်နိုင်ငံ။ Castle Hillလို့ခေါ်တဲ့ နိုင်ငံရဲ့တောင်ဘက်ကျွန်းတွင်ဖြစ်သည်။ ကျောက်တုံးတွေများတဲ့ ကုန်းမြင့်ဒေသဖြစ်တာကြောင့် ခေတ်မီတိုက်တာအဆောက်အဦများမရှိ။ အဆင့်မြင့်တဲ့ အသုံးအဆောင်ဥစ္စာတွေမရှိ။ လယ်ကွင်းတွေနဲ့ပြည့်နှက်နေတဲ့ ဒီဒေသသည် Skyအတွက်တော့ မွေးရပ်မြေဖြစ်ခဲ့သည်။

ဟိုတစ်စု၊ ဒီတစ်စုကျဲချထားတယ်လို့တောင်ထင်ရလောက်အောင်ထိ လူနေအိမ်ခြေနည်းပါးပြီး ခြံဝန်းဆိုတာဗလာနတ္ထိ။ ထင်းရှူးပင်တွေနဲ့ နှင်းတွေဖုံးလွှမ်းနေတဲ့တောင်တန်းတွေသာ အထင်ကရရှိသည်။ တစ်မျိုးလှတဲ့Castle Hillကိုအပေါ်စီးမှကြည့်မည်ဆိုလျှင် ပြားပြားဖြူဖြူကြီးနဲ့ ပျင်းခြောက်ခြောက်ကြီးဖြစ်သည်။

သောမတ်စ်မြစ်ရဲ့မြောက်ဘက်မှာတော့ Skyနေထိုင်ရာရွာလေးရှိသည်။ ထိုရွာလေးမှာလည်း ဘုရားကျောင်းတစ်ခုနဲ့ ကစားကွင်းတစ်ခုကလွဲပြီး အပန်းဖြေစရာ ဘာဆိုဘာမှမရှိ။ သို့ပေသိ ဒီဒေသကို Skyအလွန်သဘောကျနှစ်ခြိုက်ရသည်။ Castle Hillမှာမွေးသူမှန်သမျှ အရွယ်ရောက်တာနဲ့ မြို့ပြတွေဆီချဉ်းကပ်ကြသည်။ Skyကတော့ထိုသို့မဟုတ်။

စိတ်ဝင်စားစရာထွေလီကာလီမရှိတဲ့ဒီနေရာမှာပဲ အခြေချနေသည်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဘဝက သိပ်ကိုစိတ်ဝင်စားစရာကောင်းခြင်းကြောင့်ပင်။

"Sky ပန်းချီတွေပြီးပြီလား"

"သုံးကားပြမယ်၊ ကျန်တာတွေစိတ်တိုင်းမကျဘူး"

"အဟောင်းတွေရှိတယ်မဟုတ်လား၊ ယူလာခဲ့ကြည့်ပါလား"

"ထပ်ခိုးမှာဖုန်တက်နေပြီထင်တယ်"

Skyကရယ်မောရင်းဖြေသည်။

"ဖုန်တက်နေရင်လည်း ဖုန်သုတ်ခဲ့ပေါ့၊ တစ်ကားဖြစ်ဖြစ် အပိုယူခဲ့လိုက်ပါဟာ၊ ဒီတစ်ပတ်အတွက် ပန်းချီကားနည်းနေတယ်၊ နှင်းမုန်တိုင်းကြောင့် လေယာဉ်တွေမထွက်ဖြစ်တာနဲ့ တော်ရုံပန်းချီတွေ မလာကြတော့ဘူး"

"ဟုတ်ပါပြီ၊ အဲ့လောက်လည်းငြီးမပြနဲ့၊ နှစ်ကားလောက်ဖုန်သုတ်ခဲ့မယ်၊ ဟုတ်ပြီလား"

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now