အပိုင်း(၂၈)

4.2K 583 64
                                    

(Unicode+Zawgyi)

ပြေးထွက်ပါရစေလို့ မွန်းမွန်းကျပ်ကျပ်တောင်းဆိုနေပေမယ့် လွတ်မြောက်ခွင့်မပေးသောနှလုံးသား... ထိုနှလုံးသားကိုပိုင်ဆိုင်ရသောသူသည် မည်သို့သောခြိမ်းခြောက်မှုမျိုးကိုမှ မူခြင်းမပြု... တစ်ကိုယ်တည်းသော်လည်းကောင်း၊ နှစ်ယောက်တွဲသော်လည်းကောင်း ရင်ဆိုင်မည်ဟူတဲ့ သတ္တိအား မွေးဖွား‌ခဲ့ပြီးဖြစ်၏။

အညိုသည် ဖိနပ်မပါတာကြောင့် ခဲလုံးများကိုနင်းမိစဉ် ရှ၍သွေးထွက်လာသည်။ ‌မလျှောက်နိုင်လောက်အောင်နာကျင်နေသော်လည်း အားတင်း၍ကြိုးစားလျှောက်နေသည်။ တောကြီးမျက်မည်းထဲမှာ မောပန်းစွာလျှောက်နေရင်း ရင်ထဲလည်း ပြင်းထန်သောဆို့နင့်မှုနဲ့ တွေ့ကြုံနေရသည်။ သူ့ရဲ့အရှက်သိက္ခာနဲ့ သူ့ရဲ့ခန္ဓာကိုယ်ကိုထိပါးခြင်းခံခဲ့ရတာကြောင့် မျက်ရည်လည်ရွှဲခံစားနေသည်။ ထို့အပြင် အချစ်...။ အညို့အပေါ်ရက်စက်တဲ့အချစ်ကို အညိုမေ့ထားပစ်ချင်သည်။ အချစ်ဖြစ်တည်ရာမင်းပျိုကိုမေ့ထားပစ်ချင်သည်။ ကံပစ်ချရာအလိုက်သင့်လဲကျခဲ့ရတဲ့အညိုတစ်ယောက် မင်းပျိုကိုသိပ်ချစ်လှခြင်းနဲ့အတူ မေ့ထားချင်ခြင်းဆိုတဲ့ ပူဆွေးမှု ဆတူရောယှက်ခံစားနေရပြန်သည်။

လေအေးခပ်ကြမ်းကြမ်းတိုက်တော့ အညို့ပါးပြင်တွေစပ်ဖျင်းဖျင်းဖြစ်သွားသည်။ အရိုက်ခံရတဲ့ဒဏ်ရာဟာ အညို့ကိုပြင်းစွာနာကျင်စေသည်။ ဒါပေမယ့် အညိုအိမ်ကိုပဲရောက်အောင်ပြန်ချင်သည်။ ခြေလှမ်းတစ်ကြိမ်လှမ်းလိုက်လေတိုင်း မလုံခြုံဘူးခံစားရတဲ့အသိကို အင်မတန်ကြောက်ရွံ့လို့ဖြစ်သည်။

အညိုအိမ်ပြန်ရောက်တော့ အိမ်နောက်မှာ ခုနကရှိနေတဲ့အတိုင်း မီးအိမ်လေးကပုံမပျက်ရှိနေသည်။ ဒါဆို စံပယ်မနိုးခဲ့ဘူးဆိုတဲ့သဘောပေါ့။

အသံမထွက်အောင်တိတ်တိတ်လေးအိမ်ပေါ်တက်လိုက်သည်။ အခန်းထဲဝင်ကာ အင်္ကျီလဲပြီး မျက်နှာလည်းသစ်လိုက်ကာ မူမပျက်နေသည်။ ထို့နောက် စံပယ့်အခန်းထဲဝင်ကာ နှိုးလေတော့၏။

"စံပယ်..စံပယ် ထ ထ"

"အင် ဟင် မမညို..ဘာလဲဟင်"

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now