အပိုင်း(၁၁)

5K 628 38
                                    

(Unicode+Zawgyi)

သမိုင်းဝင်ကမ္ပည်းထက်×××တို့နှလုံးအိမ်သွေးစက်ခြယ်သထားမြဲထားပါလား×××ကြီးမြတ်နေသောသမိုင်းကြောင်းများ ဒီမြေကြီးမှာ××မင်းတရားအနော်ရထာကျေးဇူးများ ဒီမြေကြီးထက်မှာ××ဒီမြေဟာ တို့တတွေရဲ့ နှလုံးသားဝိဉာဉ်ပဲ×××အားလုံးရဲ့ ပုဂံ××

အညာထမင်းဆိုင်တွင်းမှ ဇော်ဝင်းထွဋ်ရဲ့သီချင်းသံသည် လေညင်းထဲဝယ် စီးမြော၍ပျံ့လွင့်လာသည်။ ထမင်းစားဖို့ရောက်နေကြသောနှစ်ယောက်ဟာ သီချင်းသံကိုနားစွင့်နေတာကြောင့် ဟင်းလျာတွေမှာဖို့တောင်မေ့နေသည်။

"ကိုယ့်လူ...ဘာစားချင်လဲ"

မီနူးကဒ်ကိုင်ထားတဲ့Skyက ရေညိုရစ်အမေးကိုဖြေရခက်သည်။ ဘယ်အရာကကောင်းသလဲဆိုတာမသိသူ၊ ဘယ်အရာကအရသာရှိလဲဆိုတာမသိသူ သူ့အဖို့ စာတွေဖတ်တတ်သည့်တိုင် မှာဖို့ခက်ပါသည်။

"ကိုအညိုကလည်း မေးပြန်ပြီ၊ ကျွန်တော်မှမသိတာ၊ အဆင်ပြေတာမှာပါဆို"

"ကျုပ်မေ့သွားပြန်တာပဲ"

ရေညိုရစ်က ခပ်ရေးရေးပြုံးလျက်ဖြေရင်း တစ်ဖက်ကစားပွဲထိုးကောင်လေးကို ဟင်းတွေမှာလိုက်သည်။ ထို့နောက် ပုဆိုးကိုမကာ ဒူးနှစ်ဖက်ကြားထဲညှပ်ရင်း ညာဘက်ခြေထောက်အား ဘယ်ဘယ်ပေါင်ပေါ်တင်လိုက်၏။ ပြီးနောက် ရေနွေးငှဲ့ကာ ဟန်ပါပါနဲ့မှုတ်ကာ သောက်သည်။ ရေညိုရစ်ရဲ့လှုပ်ရှားပုံတွေကို စိုက်ကြည့်ငေးမောနေတဲ့Skyတစ်ယောက် ရုပ်ရှင်ကောင်းလို့သတိမကပ်သူပရိသတ်တစ်ယောက်နှယ် ငြိမ်သက်နေသည်။

Skyငေးနေဆဲမှာပင် ဟင်းတွေရောက်လာသည်။

"ကိုယ့်လူ...စားဗျာ၊ ဒါကျုပ်တို့အညာစာစစ်စစ်တွေ"

Skyဟင်းတွေကိုကြည့်မိတော့ ဟင်းတွေက ဆီတွေအိုင်ထွန်းနေသည်။ ဟင်းတုံးတွေက ဆီထဲမှာပေါလောပေါ်နေသကဲ့သို့ဖြစ်နေ၏။

"ကိုအညို...ဒါကစားရမှာလား"

"အင်းလေ၊ ဒါမစားချင်လို့ ကိုယ့်လူကဘာစားချင်လို့တုန်း"

"မဟုတ်ပါဘူး၊ ကျွန်တော်သိချင်တာက ဒါတွေက ကိုအညိုတို့စားနေကျဟင်းတွေလား"

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now