အပိုင်း(၁၅)

4.9K 616 116
                                    

(Unicode+Zawgyi)

ပီတိတစ်ခုကခပ်ဖြာဖြာလေး။ ခန္ဓာကိုယ်တစ်ခုလုံးကို လင်းထင်းစေသည်။ ပြေးသူ၊ လိုက်သူ နှစ်ကိုယ်သူမဟုတ်ဘဲ ပြေးသူ၊ ရပ်သူ နှစ်ကိုယ်တူမို့လို့ ဒီလိုကျပြန်တော့ ဘဝကြီးဟာ ရှင်သန်ရတာသိပ်ကောင်းလို့ ပြောစရာဖြစ်လာရသည်။

"နေညိုချိန် တိမ်တောက်တဲ့အခါ ရွာလမ်းနံဘေးမှာ×××စာဥတို့သူငယ်ချင်းတစ်စုရယ် ရေခပ်ဆင်းလို့လာ...×××"

ရေညိုရစ်က မြူးမြူးကြွကြွနဲ့ သီချင်းလေးညည်းလျက် သီရိပစ္စယာ(၃)လမ်းထဲရောက်ရှိလာသည်။

"ကိုယ့်လူရေ...ကိုစစ်ကိုင်းရေ.."

ထွက်လာစေချင်သူမဟုတ်တဲ့လူတစ်ယောက်ထွက်လာသည်။

"တင့်ထူး...ကိုယ့်လူရော"

"ရေညို့လူ ရေချိုးနေရော့"

"ဟောဗျာ"

ရေညိုရစ်က 'ဟောဗျာ' ပဲပြောနိုင်သည်။ သူကတော့ ရေမိုးချိုးပြီး သန့်သန့်မွှေးမွှေးလေး။ ကိုယ်ကတော့ တစ်နေကုန်မြင်းလှည်းမောင်းရလို့ ချွေးနံ့တွေနဲ့။

ခက်တာပဲ...

တင့်ထူးခေါ်တာနဲ့ပဲ ရေညိုရစ်အိမ်ထဲဝင်စောင့်နေလိုက်သည်။ အိမ်ဘေးက ရေတဗွမ်း‌ဗွမ်းချိုးသံကိုတော့ နားမထောင်ဘဲနဲ့ကြားနေရသည်။ ရေညိုရစ် အင်္ဂလိပ်ရုပ်ရှင်တွေကြည့်ဖူးတော့ ရုပ်ရှင်ထဲကမင်းသားတွေရေချိုးရင် ရေပန်းနဲ့။ အခုတော့ Skyက ‌သံရေပုံးထဲကရေတွေကို ဒန်ခွက်နဲ့ချိုးပျော်နေလေရဲ့။ သူ့အရပ်မဟုတ်တာတောင် သူ့‌ဇာတ်သူနိုင်အောင်ကတတ်ပါရောလား။

"ဟာ ကိုအညို"

ဝမ်းသာလှိုက်လှဲတဲ့အသံဖြင့် ရေညိုရစ်ကိုခေါ်လိုက်သည်။ အသံကြားပေမယ့် လှည့်မကြည့်နိုင်လောက်အောင် ဆပ်ပြာနံ့ရော ရှန်ပူနံ့လေးသင်းသင်းလေးမှာ မြောပါနေမိ၏။

"ရောက်တာကြာပြီလား"

ရေညိုရစ်အရှေ့ကိုဝင်ထိုင်ပြီးစကားဆိုသည်။ ရေညိုရစ်က သူ့ရှေ့တည့်တည့်မှာလာထိုင်တဲ့Skyကို တစ်ချက်မော့ကြည့်လိုက်သည်။

ပုဆိုးတစ်ထည်သာဝတ်ထားပြီး ရေမစင်သေးတဲ့ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ရေစက်တွေတွဲခိုလျက်ရှိသည်။ လက်ကတော့ တဘက်နဲ့ ရေစိုဆံပင်ကို တဖျက်ဖျက်ခါနေအောင်သုတ်နေသည်။ တစ်ချက်တစ်ချက်တော့ ဆံပင်ဖျားကရေစက်တွေဟာ ရေညိုရစ်ကိုလာလာစင်၏။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now