အပိုင်း(၃၀)

4.8K 627 170
                                    

(Unicode+Zawgyi)

ပစ်လိုက်ပါခါခါပြောပေမယ့် ပစ်မရက်တာကြာကြာရှိပါလို့ မကြွေခင်ခူးပန်မိပါတဲ့ ဪ လက်ပံရယ်...

တစ်ခါနီ တစ်ရာသီလုံးမို့ လှရက်တာသိပ်ကိုလှတာဟု ပြောရင်းခူးပန်မိပါတဲ့ ဪ လက်ပံရယ်...

နွေရောက်ရင်ပျော်ပါတဲ့ ဥဩနဲ့လက်ပံရယ်... တူယှဉ်တွဲအလှဖြည့်လို့ မြင်သူသမျှပြုံးတင့်တယ် အကြိမ်ကြိမ်ကုသိုလ်ယူတဲ့ ဪ လက်ပံရယ်...

တစ်နွေကုန် တစ်ခါလစ်လို့ ခါချိန်ရာသီပြောင်းတန်တော့ နီရာကညို နွမ်းဖျော့ကာကြွေလုနီးပါနဲ့ ဪ လက်ပံရယ်...

နှုတ်ဆက်ချိန်ရောက်ပြန်တော့ ထိုပင်ယံထက်မှာလည်း ရွှေဥဩအဝေးပျံ လက်ပံတော့ကျန်ပါရဲ့ တစ်ကိုယ်တည်းအဖော်မဲ့လို့ အငြိမ်သာလက်ပြခဲ့ရရဲ့ ဪ သနားစဖွယ် လက်ပံရယ်...

နှစ်ရာသီအကျော်စောင့်ခဲ့ရ တစ်ချိန်တော့ပြန်ဆုံမယ်လို့ တွေးထင်ကာအားတင်းရရှာတဲ့ လက်ပံနီရဲရဲတစ်ပွင့်ရယ်... ဖော်မရှာမျှော်လျက်သာနေပါတဲ့ နောင်ရာသီများမလာဖြစ်ခဲ့ရင် နောင်ဘဝကိုစောင့်သင့်သလား ထိုလက်ပံမဖြေတတ်ခဲ့တော့ လေပြင်းတစ်ချက်သည်းချိန်မှာ ညှိုးငယ်နေစိတ်အားပျက်နေတဲ့ ထိုလက်ပံပင်လုံးကြွေလို့ ပင်စည်ပါထက်ဝက်ကျိုးခဲ့ရဲ့ အမြစ်တွေလန်ကုန်နောက် အပင်လှလှလဲကျသွားပြီတဲ့ ဪ လက်ပံရယ်...

နွေရာသီရဲ့အပူသည် ဒေါ်အေးပျိုရင်တွင်းကအပူလောက် မပူနိုင်သေးပါပေ။ အညာနွေရဲ့အပူဓာတ်ကို အနိုင်ရဆဲဖြစ်တဲ့ဒေါ်အေးပျိုဟာ ပူပင်သောကတွေများလွန်းလို့ ပိန်ချုံးကျနေလေပြီ။ သူမရဲ့စီးပွားရေးဟာလည်း တစ်လကျော်ကာလအတွင်း အောက်ဆုံးထိထိုးကျခဲ့ရပြီး ယွန်းလုပ်ငန်းဟာလည်း ပြိုလဲသွားခဲ့ပါပြီ။ ဒါတွေဖြစ်နေပေမယ့် သူမ,မမူနိုင်သေးပါ။ သူမရင်ထဲမှာ အညို့အပေါ်ထားတဲ့အမုန်းတရားနဲ့ မင်းပျိုအပေါ်ထားတဲ့ချစ်ခြင်းတရားတို့သာ ကိန်းဝပ်လွန်ဆွဲနေလေသည်။

"တောက်!!"

အသံပြင်းပြင်းတောက်ခေါက်သံဟာ စူးရှပါ၏။ ဒေါ်အေးပျိုလက်ထဲကနေ အဝေးသို့လွင့်သွားတဲ့သတင်းစာအချို့ကို ကိုမောင်ကကောက်ယူဖတ်ရှူ့လိုက်သည်။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now