အပိုင်း(၁၀)

5.3K 652 88
                                    

(Unicode+Zawgyi)

အိမ်မကြီးအောက်ဘက်မှာထိုင်နေတဲ့ဒေါ်မာဦးဆီ ရေညိုရစ်ကလှမ်းကြည့်လျက် သူမအနားသို့ မဝံ့ဝရဲတိုးလျှောက်သွားသည်။

"အစ်မ...ဒီမှာ ကျုပ်မြင်းလှည်းမောင်းခ၊ အစ်မကိုပေးတာ"

ရေညိုရစ်က ဒေါ်မာဦးကို လစာအပ်တဲ့သားတွေအတိုင်းပြုမူကာပေးလိုက်သည်။

"ဒါပဲလား"

"ဗျာ"

"ရေညိုရစ်...ထမင်းဖိုးသဘောဆိုအေ မင်းစားတာနည်းမှမနည်းပဲ"

"ကျုပ်ဆီမှာနှစ်ထောင်ပဲချန်ထားတာပါ၊ ကျုပ်အစ်မကိုအကုန်အပ်တာပါ"

"ဒီမှာ...မင်းအခုတလောမြင်းလှည်းအမောင်းမထွက်ဘူးဆိုတာသိတယ်၊ ငါတင်မဟုတ်ဘူး၊ တစ်ရွာလုံးသိတယ်၊ အလုပ်မလုပ်ဘဲ အဖြူကောင်တစ်ကောင်နဲ့လျှောက်သွားနေတာ အဲ့တာကြောင့် ငွေကဒီလောက်ပဲရတာပေါ့အေ့"

"အစ်မ...ကျုပ်ကသူ့ကိုကူညီတာပါ"

"အေးပါတော် အေးပါ၊ မင်းကကူညီတယ်ဗန်းပြတာလည်းဖြစ်နိုင်တာပဲ"

"ဗျာ အစ်မဘာကိုဆိုလို..."

ဒေါ်မာဦးက ရေညိုရစ်ပေးတဲ့ပိုက်ဆံကိုလိပ်၍ သူမရင်ဘတ်ထဲထိုးထည့်ပြီး အကြမ်းရည်ငှဲ့ကာသောက်ရင်း စကားဆက်သည်။

"မင်းအတိတ်ဘဝကလူကိုရှာနေတာမလား"

"ဟာ အစ်မကလည်း...ကျုပ်မရှာပေါင်ဗျာ၊ မဟုတ်တာ..."

"ရေညိုရစ် မင်းရှာလိုက်ပါ"

"ဗျာ"

"ရှာပြီးရင်တစ်ခါတည်းထွက်သွားလိုက်ပါတော့၊ ငါဟာမင်းမိခင်ဖြစ်နေတာကိုက အကျဉ်းကျနေတာနဲ့တူလွန်းလို့ပါအေ၊ ဒီမယ် ရအောင်ရှာပါ၊ ပြီးရင် ထွက်သွားလိုက်ပါ၊ အရင်ဘဝကလူတွေလို မင်းတို့ကိုလိုက်မခွဲပါဘူး၊ ဒါ့ကြောင့်မို့လို့ရယ် ရှာပါ၊ ပြီးရင် ထွက်သွားပါ"

"အစ်မ..."

ဒေါ်မာဦးက သူမပြောပြီးတာပြီးတော့ ရေနွေးခွက်ကို ဂေါက်ခနဲအသံမြည်အောင်စားပွဲပေါ်ချကာ ထဘီပြင်ဝတ်ပြီး အိမ်ပေါ်ထပ်တက်သွားသည်။ ရေညိုရစ်က ငူငူငိုင်ငိုင်နဲ့ကျန်ခဲ့ရလေသည်။ စိတ်ထဲမှာလည်း ကြေကွဲဝမ်းနည်းမှုတွေက ဆထက်မတန်တိုးပွားလာသလို ရင်ဘတ်ဟာလည်း နာကျင်လွန်း၍ သွေးစက်စက်ကျနေသလားတောင်ထင်ရသည်။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now