Chapter-30

14.4K 1.7K 87
                                    

Zawgyi

ကလေးငယ်ရဲ့စကားကြောင့် လော့ကျန်းပေ့စိတ်ထဲ ကြည်နူးမိသွားတာ အမှန်ပင်၊ဒီက​လေး​လေးရဲ့​လျှောက်လှမ်းရမည့်လမ်းခရီးဟာ သူ့ဆီမှာပဲ ရပ်တန့်သွားမည်မဟုတ်ပဲ တစ်ချိန်ကျရင် ကလေးငယ် တကယ်ချစ်ရသူပေါ်လာပြီး သူ့အရိပ်အောက်ကနေ ခေါ်ဆောင်သွားပြီး တနေ့ သူ့ကိုကျောခိုင်းသွားမည်ကို စိုးရိမ်မိသည်၊ 

ဒါကြောင့် လော့ကျန်းပေ့ရဲ့ရင်ထဲ မသက်မသာဖြစ်သွားကာ သူရဲ့ခေါင်းကို လော့ရှန်ဟွာရဲ့ပခုံးထက်တင်ကာ... အနည်းငယ်ပွတ်သပ်လိုက်တော့ ကလေးငယ်ရဲ့ကိုယ်သင်းရနံ့သင်းသင်းလေးဟာ သူ့နှာခေါင်းထဲ တိုးဝေ့လာတော့သည်၊ဒီရနံ့လေးဟာ ရေမွှေးနံ့တွေလို စူးရှမနေဘဲ မိုးရွာပြီးနောက် ဖူးပွင့်လာသည့်ပန်းခင်းကြီးကို လေပြေလေညင်းများဟာ တိုက်ခတ်လိုက်သည့်ချိန်မှာ ထွက်ပေါ်လာသည့် လတ်ဆတ်သည့်ပန်းရနံ့လေးလို အနံ့မျိုးပင်၊

ကလေးငယ်ရဲ့ကိုယ်သင်းရနံ့လေးကို လော့ကျန်းပေ့တဝကြီးရှူသွင်းပြီးနောက်မှာတော့ သူရဲ့သောကရောက်နေသည့်စိတ်များဟာ အနည်းငယ်ကင်းစင်သွားသည်၊ဒါ​ပေမယ့် ကလေးငယ်ရဲ့ခါးသိမ်သိမ်လေးကို သူလက်တစ်ဖက်နဲ့တင်းကြပ်စွာဖက်လိုက်ပြီး...

"ပေါင်ပေ့..." လို့ ခေါ်လိုက်တော့ သူရဲ့ကျောပြင်ကျယ်ကျယ်ပေါ် လက်လေးတစ်ဖက်ရောက်လာကာ ဖွဖွလေးပုတ်လာသည့်အပြင် အသံသေးသေးလေးဖြင့်

"ဒယ်ဒီ စိတ်ညစ်နေလို့လားဟင်..." လော့ရှန်ဟွာမှာ ခုနက ငိုထားတာကြောင့် သူရဲ့အသံလေးဟာ အနည်းငယ်ကွဲအက်နေပေမယ့် သူ့ဇွတ်ပြောလိုက်သည့်စကားကြောင့် သူ့ဒယ်ဒီ စိတ်ညစ်သွားသည်လို့ ထင်သွားတော့သည်၊ဒါပေမယ့် သူရဲ့ခါးနောက်ကျောဟာ ပိုမိုတင်းကြပ်သွားတာကြောင့် ခါးကော့သွားပေမယ့် သူရဲ့ဒယ်ဒီပြောလာသည့်စကားကြောင့် သူမှာဘာဆက်ပြောရမလဲ မသိဖြစ်သွားတော့သည်၊

"ဒယ်ဒီက... မင်းအဖေအရင်းမဟုတ်ဘူးဆိုတာ...ကလေးသိတယ်မလား" လို့ ပြောလာတာကြောင့် လော့ရှန်ဟွာ ပါးစပ်ဟလိုက်ပေမယ့် ဘာမှဆက်မပြောနိင်ပေ၊ လော့ကျန်းပေ့က သူ့ဒယ်ဒီမဟုတ်တာကို အရင်လော့ရှန်ဟွာလည်း သိသလို၊သူကလည်း သိသိသာသာကို သူ့မွေးစာအဖေကို မြူဆွယ်နေသည်မလား...၊ဒီလို တိုက်ရိုက်မေးလာသည့် မေးခွန်းကျတော့ သူ့အတွက် ဘာဆက်ဖြေရမလဲတောင် မသိတော့ပေ၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now