သဲမှုန်လောက် WARNING!
လော့ကျန်းပေ့ဟာ လော့အိမ်တော်နဲ့ပတ်သတ်သည့် စီးပွားရှင်များနဲ့စကားပြောနေတုန်း ထောင့်တစ်နေရာမှာ ငြိမ်သက်သွားသည့် ကလေးငယ်ကို သူတစ်ချက်လှမ်းကြည့်လိုက်တော့ ကလေးငယ်ရဲ့အမူအရာဟာ အရက်မူးသမားတစ်ယောက်လို ရီဝေဝေဖြစ်နေပြီး ပါးလေးတွေသာမက နားထိပ်လေးတွေပါ ရဲတွက်နေသည်ကို သူတွေ့လိုက်တော့ မျက်မှောက်ကြုတ်မိသွားသည်၊ဒါပေမယ့် ထိုချိန်မှာ...
"တကယ် အရှက်မရှိတဲ့ဟာတွေ!!!" အမျိုးသားတစ်ယောက်အသံဟာ ထွက်လာတာကြောင့် အကုန်လုံးဟာ ရုန်းခက်ဆန်ရင်းဖြစ်ကုန်ကြတော့သည်၊ဘာလို့လဲဆိုတော့ တုအိမ်တော်အကြီးအကဲဟာ ဒေါသတကြီးဖြစ်နေကာ တုမေ့ဟန်ရဲ့လက်ကို ဆွဲကာ ထုတ်သွားခြင်းဖြစ်သည်၊ တုမေ့ဟန်ဟာ လော့ကျန်းပေ့ဘက် လှည့်ကြည့်ရင်း သူမရဲ့နူတ်ခမ်းများဟာ အောင်နိုင်သူအပြုံးပြုံးကာ ခေါင်းညိတ်ပြလိုက်သည်၊တခြားကို အာရုံရောက်နေတာကြောင့် လော့ကျန်းပေ့နဲ့တုမေ့ဟန်ရဲ့ အချိတ်အဆက်ကို ဘယ်သူမှ မရိပ်မိလိုက်ပေ၊
ထိုနောက် စစ်အိမ်တော်ရဲ့သခင်မကြီးရဲ့အသံဟာ နားနေဆောင်ဘက်ကနေ စူးဆောင့်စွာထုတ်ပေါ်လာတော့သည်၊
"အရှက်မရှိတဲ့ ခွေးမ!!!"
လော့ကျန်းပေ့ကတော့ ဒီအတိုင်းသာ ကြည့်လိုက်ပြီး သူ့ကလေးငယ်ကိုလည်း ခေါ်ရန် လှည့်ကြည့်လိုက် ခုနကထိုင်နေသည့်နေရာမှာ မတွေ့တော့တာကြောင့် သူရဲ့စိတ်များဟာ တင်းကြပ်သွားတော့သည်၊ဒါကြောင့် သူပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ချိန်မှာ အနောက်ဘက်ခန်းမတံခါးမှာ လူငယ်တစ်ယောက်ဟာ သူရဲ့ကလေးငယ်ကို ပွေ့ဖက်ကာ သွားဖို့ ကြိုးစားနေသည်ကို မြင်လိုက်ရသည်၊နောက်ပြီး အဝေးမှာလည်း လူငယ်တချို့ဟာ ဖုန်းနဲ့ဗီဒီယိုရိုက်နေသည်ကို မြင်လိုက်ရတော့ သူရဲ့မေးရိုးများဟာ ထောင်ထသွားပြီး
'အဟက် ကြည့်ရတာ ကလေးငယ်နဲ့ပတ်သတ်ပြီး သူတို့ကို နည်းနည်းသတိပေးသင့်ပြီထင်တယ်'
ထိုနောက် သူအနားကို သွားချိန်မှာ ထိုလူဟာ ကလေးရဲ့အင်္ကျီကော်လံကနေတဆင့် လက်ကို လျှိုသွင်းရန် လက်လှမ်းနေသည်ကို မြင်တော့ သူမျက်နှာဟာ ပိုမိုတင်းမာလာကာ ထိုလူငယ်ကို လက်မောင်းကနေ ညှစ်ဆွဲလိုက်ပြီး ပိတ်ကန်လိုက်ပြီးနောက် သူ့ကလေးငယ်ရဲ့ကိုယ်လေးကို ပွေ့ချီလိုက်သည်၊

YOU ARE READING
Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား(Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား)
RomanceZawgyi/Unicode Started date: 25.oct.2020 End date: ???????? လော့ကျန်းပေ့ x လော့ရှန်ဟွာ