~4~

8.7K 1.4K 127
                                    

အပိုင်း (၄) - သခင့်နံမည်ကအရမ်းခန့်ညားတယ် ။ထုထုတော့မခေါ်တတ်ဘူး။

တံခါးဖွင့်သံတိုးတိုးလေးကိုထုထုကြားလိုက်ရတယ် ။ သူစိမ်းဆို ထုထုခြောက်ချက်ကုတ်လွှတ်လိုက်မှာနော် ။ ထုထုကကြောင်မဟုတ်တော့ ကုတ်လို့မနာရင်ကိုက်မှာ ။ ထုထုသွားတွေကဓားစက်လိုပဲ ။ ထုထု မွေ့ယာပေါ်မှာအသင့်အနေအထားနဲ့ဖိုက်တင်ပလေးဖို့ပြင်ထားတယ်။ ဒါပေမဲ့တံခါးကြားထဲကထွက်လာတဲ့လူရိပ်က သူမြတ်နိုးရပါသောသခင်။

ဟာ သခင်ပြန်လာပြီ ။ ထုထုဖိုက်တင်ပလေးမဲ့
ကို့ယို့ကားယားပုံရိပ်ကိုအမြန်ပြင်လိုက်ပြီး ထောင်နေတဲ့အမွှေးလေးတွေသပ်လို့အလှပြင်လိုက်တယ် ။ သခင်ု နှာခေါင်းကိုလက်ညှိုးဆစ်
နဲ့တစ်ချက်ပွတ်ရင်း ခိုးရယ်တယ်။ထုထုကိုလှောင်တာလားပြော ။

သခင်ကသူ့နောက်မှာပါလာတဲ့သူကိုအထဲခေါ်လိုက်တယ် ။ ဘယ်သူလဲနော် ။ ထုထုကိုက်ချင်လိုက်တာ ။ သခင်ကထုထုကိုပွေ့ချီတော့ထုထု
ထိုသူစိမ်းကိုမေ့ပြီးသခင့်လည်ပင်းထဲအတင်းတိုးဝှေ့လို့ကပ်ချွဲလိုက်တယ် ။ သူစိမ်းက ထုထုရှုရှုးနဲ့လေးလေးတုံးတွေကို ကြည့်နေတယ်။ စားချင်လို့လားမသိပါဘူးနော် ။ ထုထုတော့ရွံတယ် အော်အော့တွေ ။

"သူက ခေါင်းဆောင်ဆီရောက်တာဘယ်လောက်ကြာပြီလဲဗျ "

"ဒီနေ့ပဲ "

အို ထုထုက သခင့်ရဲ့ထာဝရလေးပါနော် ။ တစ်ရက်ထဲဆိုပြီးအထင်မသေးသင့် ကိုက်ထည့်လိုက်မယ် ။

"သူ့ဆီးနဲ့ဝမ်းက အယဥ်တွေလိုပဲ ဆီးကအရောင်မှန်ပြီးကျန်းမာရေးကောင်းတာပြတယ် ၊ ဝမ်းကလည်းမပျော့ဘူးအနံ့လည်းမနံဘူး "

"သူရောက်လာထဲက မြက်ခြောက်ကိုအဓိကစားတယ် အစာစိုနဲ့သွားရည်စာအစာခြောက်ကို အချိုတည်းသလောက်ပဲစားတာ ၊ ကိုယ်ကြားဖူးတာတော့ယုန်ရိုင်းတွေကမြက်ခြောက်မစားတတ်ကြဘူး "

"အထူးအဆန်းပဲ... သူ့ခန္ဓာကိုယ်ပေါ်မှာ လိင်ခွဲလို့ရမဲ့အမှတ်အသားမပေါ်သေးဘူး ကျွန်တော်ပဲလေ့လာအားနည်းတာကြောင့်လားမသိဘူး ၊ ဒါပေမဲ့ ဆီးဝမ်းမနံတာနဲ့တင်မွေးရတာအဆင်ပြေပါပြီ "

Xiao Tu Tu and Leo Where stories live. Discover now