~101~

2.9K 307 20
                                    

အခန်း (၁၀၁) : အချစ်သစ်နဲ့ထုထု ။

Alpha က ရင်ခွင်ထဲပွေ့ပိုက်ထားရတဲ့ အနွေးဓာတ်လေးကိုငုံ့ကြည့်ရင်း တစ်ချက်ရယ်လိုက်တယ် ။

"ကိုယ့်ရဲ့ချစ်မဝလေး "

"သခင် ပိန်သွားတာလား "

"ကိုယ်အဆင်ပြေနေပါတယ် ၊ ကိုယ့်ကိုပြန်မှတ်မိပြီပေါ့ "

"ဝမ်းနည်းနေခဲ့မှာပဲ ကြည့်ပါရစေဦး "

မျက်ရည်လွယ်လွန်းလာတဲ့ Alpha က ခပ်ရဲရဲစိုနေတဲ့မျက်ဝန်းတွေကို ကြင်ယာတော်ရဲ့ နားသယ်စပ်လေးမှာ ဖွက်ရင်းခပ်ဖွဖွနဲ့ အလိုမပြည့်နိုင်စွာ ထပ်ခါထပ်ခါနမ်းလိုက်တယ် ။

"ဒီကို ဒီကို ၊ ဒီကိုလည်းနမ်းပါဦး သေးသေးလေးလောက် "

Alpha ရဲ့ အနမ်းကိုမရမကလိုက်ဖမ်းနေတဲ့ နှုတ်ခမ်းလှလှလေးနှစ်လွှာကို Alpha က အတွေအဝေမရှိ နက်နက်ရှိုင်းရှိုင်းဖိကပ်နမ်းလိုက်တယ် ။ စိုရဲရဲလျှာလေးနဲ့ ပူနွေးတဲ့ခံတွင်းက Alpha ရဲ့ ကိုယ်တွင်းဝိဥာဥ်ကိုတောင် ပွက်ပွက်ဆူစေနိုင်စွမ်းရှိတယ် ။

အဖိခံထားရတဲ့ ကောင်ငယ်လေးအသက်ရှုမဝဖြစ်လာမှသူအသာအယာလွှတ်ပေးပြီး ရွှန်းရွှန်းလဲ့လဲ့နဲ့စိုက်ကြည့်နေမိတယ် ။

"သခင့်ကိုအမြဲမှတ်မိပြီးလွမ်းတယ် ဒါပေမဲ့
အမှောင်ထဲပိတ်မိနေခဲ့တာ အရမ်းကြောက်ဖို့ကောင်းတာပဲ "

ဝိဥာဥ်ပြန်လည် ကူးလူးခြင်းအောင်မြင်ခဲ့ပေမဲ့
မှတ်ဥာဏ်တွေကတော့ ကမ္ဘာနှစ်ခုစည်းအကြားမှာအမြဲ လေလွင့်ပိတ်မိနေတာကို Alpha လည်းကြားဖူးခဲ့တာကြောင့် ချွဲနွဲ့တိုင်နေပါတဲ့ ကြင်ယာတော်ကိုသူချော့ပေးလိုက်တယ် ။

"အရမ်းဝမ်းနည်းတာပဲ "

"ကိုယ်က Sean ကျေနပ်တဲ့အထိ ချော့ပေးမှာပေါ့ "

ဆံပင်လေးကိုအသာသပ်တင်ပေးရင်း ဆိုတော့ မျက်နှာရဲရဲနဲ့ကောင်ငယ်လေးက မဟုတ်တာလေးလုပ်တော့မလို မျက်စိလှန်ကြည့်လာတယ် ။

"ဘာတုန်း ချစ်မဝလေးရဲ့ ဘာပြောချင်... "

"အရမ်းကြီးတုန်းပဲနော ဝဝတုတ်တုတ်ကလေးအတိုင်းရှိသေးတယ် "

Xiao Tu Tu and Leo Where stories live. Discover now