~93~

1.8K 340 14
                                    

ဧည့်ခန်းထဲ မိသားစုတွေအားလုံးစုဝေးနေခဲ့ကြတယ် ။ အကြောင်းအရင်းကတော့ အစ်မဖြစ်သူရဲ့စာရင်းစာရွက်အရှည်ကြီးကိုအဆုံးထိဖတ်ပြခဲ့တဲ့ရှောင်းကျန့်ကြောင့်ပါပဲ ။ ရှောင်းကျန့်အနေနဲ့စာမသင်ဖူးတာမျိုးမဟုတ်ပေမဲ့ အပြင်းအထန်ဖျားပြီးနောက်ပိုင်းရှုပ်ထွေးတဲ့စာတန်းရှည်တွေအများကြီးမဖတ်နိုင်တော့ပေ ။ အတန်းကိုကြိုးစားဆက်သင်ပေမဲ့ စာသင်ချိန်နဲ့အမျှ နှာခေါင်းသွေးလျှံပြီးမူးဝေလာတာမျိုး ၊ သတိလစ်တာမျိုးတွေဖြစ်လာတဲ့အထိပါပဲ ။ စာသာမကရှုပ်ထွေးတဲ့အရာတိုင်းကိုသူရင်ဆိုင်
ကြည့်လို့မရ  ။ ခက်ခဲတဲ့စာလုံးဆယ်လုံးကျော်သွားတိုင်း ရှောင်းကျန့်ခေါင်းတွေရှုပ်ထွေးလာပြီး မရမကအားစိုက်ဖတ်ပါက ခေါင်းထဲကသွေးကြောတွေပေါက်ထွက်တော့မတတ်ခံစားရသည် ။

အခုတလော သူ့ကျန်းမာရေးပိုကောင်းမွန်လာသလို အာရုံစူးစိုက်နိုင်စွမ်းလည်းတိုးတက်လာတာကိုသတိထားမိပေမဲ့ စာရင်းစာရွက်တစ်ရွက်လုံးကိုအပြီးဖတ်လိုက်နိုင်သည့်အခြေအနေအထိတော့ ကာယကံရှင်ကိုယ်တိုင်ပင်နားမလည်ခဲ့ချေ။ သူ့ရောဂါကိုလွယ်လွယ်ကူကူအဖြေရှာမရခဲ့သလို ပုံမှန်ဆရာဝန်နဲ့စမ်းသပ်ပြသပေးဖို့ရာလည်း မိဘမဲ့ကလေးနှစ်ယောက်အတွက်တော့
မဖြစ်နိုင်တဲ့ကိစ္စပင်ဖြစ်ခဲ့တယ် ။ အစ်မဖြစ်သူအဆင်ပြေလာတဲ့အချိန်မှာတော့ ဒါကို
ကုပေးခဲ့ပေမဲ့မထူးခြားလာတဲ့အပြင် ရှောင်းကျန့်ဘက်ကဆရာဝန်နဲ့တွေ့ပြီးပြန်လာတိုင်းနေထိုင်လို့မကောင်းဖြစ်တတ်တာကြောင့်သူမလက်လျှော့ခဲ့ရသည်  ။ အပြင်းအထန်ဖျားပြီး ခေါင်းထိသွားတယ်လို့အလွယ်သာတွေးခဲ့ကြပြီး ရှောင်းကျန့်ပြန်ကောင်းလာမဲ့ရက်ကိုသူမ မမျှော်လင့်မိခဲ့ပေ ။ အစောပိုင်းကာလတွေမှာဆိုရင် ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်ကပါချူချာခဲ့ပြီး အိပ်ယာပေါ်ကမထနိုင်ခဲ့သည့်အတွက် သူမရဲ့ပူပန်စိတ်ကရှောင်းကျန့်အသက်ရှင်ရေး၊သေရေးပေါ်မှာသာပုံကျခဲ့သည် ။ ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်ပြန်လည်ကျန်းမာလာတာကိုတွေ့ရတော့ ရှောင်းကျန့်ရဲ့ဦးနှောက်စွမ်းဆောင်ရည်အပေါ်သူမအများကြီးဆက်မတွေးမိတော့လည်းပါသည် ။ ဘယ်လိုလေးပဲနေနေ သူမရဲ့မေတ္တာကမလျော့သွားနိုင် ။ ဒါသူမရဲ့တစ်ဦးတည်သောမောင်ငယ်လေးပင် ။

Xiao Tu Tu and Leo Where stories live. Discover now