~28~

7.2K 1.2K 103
                                    

အခန်း (၂၈) - ထုထု Hi တတ်ပြီ ။

ယုန်သတိရလာတော့ ဆူညံနေတာပဲ။ထုထုမျက်လုံးတစ်ဖက်ပဲဖွင့်ပြီးလှမ်းကြည့်တော့တံခါးဖြုတ်နေကြတဲ့လူအုပ်ကြီးကိုတွေ့တယ် ။ သခင်ကရှပ်ကိုလက်ခေါက်တင်ထားပြီး လူအုပ်ကြီးဘေးကနေညွှန်ကြားနေပါတယ် ။ အဟွန်း။ကျောကြီးကချောလိုက်တာ။

ထုထုက အိမ်မှုန်ရီဝါးနဲ့သူ့သခင်ကိုငေးနေခဲ့တယ် ။ စိတ်ချင်းဆက်နွယ်နေတဲ့အလားသူ့သခင်ကလှုံ့ဆော်မှုအရအနောက်ကိုငဲ့ကြည့်လာတယ် ။

"နိုးပြီလား "

Alpha က သူ့ယုန်ရှိရာလျှောက်လာရင်းတစ်ချက်ငုံ့နမ်းလိုက်တယ် ။ ယုန်ကသူ့သခင်ပြန်မထသွားအောင်လည်ပင်းကိုလှမ်းဖက်ထားပါသတဲ့ ။

"နေလို့ကောင်းရဲ့လား "

အမလေးလေးဟုတ်ပါရဲ့ ထုထုနေမကောင်းဖြစ်
နေတာပဲ ။ နောက်ဘဝတောင်ကူးတော့မလို့ ။ ရထားမမှီလို့ပြန်လာတာလေ ။ ဟုတ်တယ်ဟုတ်တယ်။ ယုန်က ချောင်းလေးတဟွတ်ဟွတ်ဆိုးပြပြီးရင်ဘတ်ကိုအသာဖိလိုက်တယ်။

"Sean အချိုတွေမစားနဲ့တော့ "

ဟာ...  ထုထုကသဘောဆိုးပြတာပါ ။ တကယ်ချောင်းမဆိုးပါဘူး ။

"Sir. တံခါးကိုတစ်ချက်ကြည့်ပေးပါဦး "

Alpha ကသူ့ယုန်ကိုပွေ့ပြီး တံခါးပြင်နေတဲ့နေရာဆီလျှောက်လာခဲ့တယ် ။ တံခါးရွက်အောက်ခြေမှာယုန်တစ်ကိုယ်စာအပေါက်ကိုလိုက်စလေးနဲ့အလှဆင်ထားပြီး တံခါးရွက်ကအခန်းအပြင်ဆွဲ
ဖွင့်ရတဲ့အမျိုးအစားပြောင်းလဲလိုက်တာဖြစ်တယ်။ CCTV record ကနေဘာတွေဖြစ်ခဲ့သလဲသူကြည့်ပြီးနောက်မှာတော့ တံခါးကိုချက်ချင်းပြင်စေခဲ့တာပဲ ။

တံခါးတပ်ဆင်လို့ပြီးတော့ အလုပ်သမားတွေကထွက်ခွာသွားကြတယ် ။

"Sean ဒီပုံစံနဲ့ တံခါးဖွင့်ချင်ရင်ဒီခလုတ်လေးနှိပ်နော် "

ယုန်တမှီစာအရပ်နဲ့ ခလုတ်လေးကိုနှိပ်လိုက်တော့တံခါးကအလိုအလျောက်ပွင့်လာတယ် ။ ယုန်ကတော့သူ့အတွက်ပေါက်ပေးထားတဲ့အပေါက်လေးထဲဟိုဘက်သည်ဘက်ကူးရင်းဆော့နေပါတော့တယ် ။

Xiao Tu Tu and Leo Where stories live. Discover now