~42~

7.4K 1.2K 81
                                    

အခန်း (၄၂) - ဇိုးကလေးထုထု ။

ထုထုနဲ့ Sky နန်းတော်လမ်းပေါ်မှာပခုံးဖက်ရင်းလျှောက်သွားနေတယ် ။ Sky ရဲ့မျက်နှာက ရေခဲတုံးကို ပွက်ပွက်ဆူတဲ့ရေနွေးအိုးထဲထည့်ပြုတ်ခံထားရသလို ဖြစ်နေပါရဲ့ ။ လေသူရဲစစ်သည်တော်ကြီးက ယုန်တစ်ကောင်ကိုဖက်ပြီးလမ်းလျှောက်နေရတယ်တဲ့ ။ ဘယ်လိုကံဆိုးမှုလဲ ။

နန်းသူနန်းသားတွေက လမ်းလျှောက်နေရတဲ့ Sky ကိုတွေ့တော့ရယ်သွားကြတယ် ။ Sky ဘာမျှမတတတ်နိုင် ။ နေဖင်ထိုးအောင်အိပ်ပြီး နိုးလာလို့
သခင့်ကိုမတွေ့တာနဲ့ လာစောင့်ရှောက်ပေးတဲ့ Sky ခြေထောက်ကိုဆွဲပြီး ယုန်သံစူးစူးပြုကာ ပူဆာတော့တာလေ ။ ဂုတ်ကနေချီပြီးပျံတော့လည်းနားကွဲအောင်အော်ဟစ်နေသေး ။ Sky ရဲ့ ဂုဏ်သိက္ခာကျဆင်းမှုသက်သာစေဖို့ သားရဲကွင်းရှိတဲ့ဆီခပ်မြန်မြန်ခြေကုန်သုတ်လျှောက်လိုက်တယ် ။

ဖြည်းဖြည်းလျှောက်ပါ ငှက်ရဲ့ ။ ထုထုက နူးညံ့တဲ့ယုန်ကလေးပါ ။ ထုထုပင်ပန်းဒဲးးး ။

သူ့ကိုမှီရင်း ရေသာခိုပျင်းနေတဲ့ယုန်ကိုသူနောက်ကနေနှုတ်သီးနဲ့ထိုးချပြီး အမြန်လျှောက်အောင်တွန်းတွန်းသွားရတယ် ။ သားရဲကွင်းထဲဝင်တော့ Black က သူ့ရဲ့အခုန်စွမ်းရည်ကိုကျင့်နေတယ် ။

ထုထုလွယ်အိတ်ချပြီး Black ကမုလက်ခုပ်တီးလိုက်တယ် ။ ထုထုနောက်ပါးမှာ အသက်ရှုသံကြားပေမဲ့ Sky ဟုသာထင်ထားခဲ့တယ် ။ Black က ထုထုဆီပြေးလာပြီး ထုထုနောက်ကိုခုန်ကျော်သွားခဲ့တယ် ။ မာန်ဖီသံတွေကြားလို့လှည့်ပြည့်တော့ မြေခွေးဖြူတစ်ကောင်ကို ခြောက်လွှတ်နေတဲ့ Black ။ မြေခွေးဖြူနဲ့အကြည့်ဆုံတော့ထုထု နှင်းထူထပ်စွာကျတဲ့ညကို ပြန်အမှတ်ရသွားတယ် ။

အား.....ထုထုရဲ့အသားနုနုလေးကိုသူစားဖို့လုပ်နေပါတယ်  ။ ထုထု Black ရဲ့ခြေထောက်ကိုဖက်ထားပြီးချောင်းကြည့်လိုက်တယ် ။ အေ့... Black သူ့ကိုချလိုက် ။ လက်သီးတွေနဲ့ချည်းပဲထိုး ။ ​ခြောက်ချက်ချည်းပဲထိုး ။ ထုထု Black ကိုအသာပုတ်ပြီးအားပေးလိုက်တယ် ။ ထုထုစောင့်ကြည့်နေမယ် ။

ဒါပေမဲ့အခြေအနေတွေက အံ့သြဖွယ်ပြောင်းလဲသွားတယ် ။ မြေခွေးကဝတ်ရုံဖြူလေးနဲ့ လှပတဲ့မိန်းမငယ်လေးအသွင်ပြောင်းသွားခဲ့တယ်လေ ။ ဆံနွယ်ဖြူတွေတလွင့်လွင့်နဲ့ ထိုအမျိုးသမီးငယ်က ခပ်သော့သော့ရယ်တယ် ။ ထုထုလူဖြစ်ရင်ကိုယ်တုံးလုံးလေးပါ ။ သူ့မှာတော့အဝတ်ပါတယ်နော် ။

Xiao Tu Tu and Leo Where stories live. Discover now