Let me explain

3.1K 303 40
                                    

ထုထုက ဟိုဘက်လောကမှာဘယ်အရွယ်လဲ?
ယုန်ဘဝမှာအသက်ပြည့်ပြီဆိုသလို လူအနေနဲ့ 16-18 အရွယ်ကောင်လေးပါ ။ Spoiler မဟုတ်ပေမဲ့ နှစ်လောကလုံးမှာပုံတူနေတာသတိထားမိကြလား?  အမှန်ဆိုသူက ယုန်လေးကိုယ်ထဲပဲ
ဝိဥာဥ်ရောက်သွားတာလေ ။ ဟိုဘက်လောကမှာသူ့ရဲ့ကိုယ်ထည်အမှန်က အချစ်ကြောင့်ပေါ်လာတာပါ ။ လောကခြင်းမသက်ဆိုင်ဘဲ ဖြစ်လာတဲ့ကိုယ်မို့ဟိုဘက်လောကမှာ ဖြူဖြူသေးသေးလေးဖြစ်နေပေမဲ့ 16-18 အရွယ်မို့ Alpha ကောက်ကောက်ထမ်းနေတာ အဲ့အရွယ်ကောင်လေးပါ ။ လက်ပေါ်တင်ထားတယ်ဆိုရင်တော့ယုန်ကလေးပါ ။ သာမန်ယောကျာ်းလေးတွေလည်းအချင်းချင်း
ပခုံးပေါ်တင်နိုင်ကြပါတယ်နော် ။

Update အသစ်? ။
ကံဆိုးချင်တော့ သူငယ်ချင်း Project ကူရင်း
လူတွေနဲ့ပြောဆိုဆက်ဆံတာ
အသင့်ဖြစ်ပြီ ပြောဆိုနိုင်ပြီဆိုပြီးပြန်လာခဲ့ပေမဲ့ ချက်ချင်း stress ပိပြီး အဖျားတက်လာပါတယ် ။ မိုးရွာပြီးအိမ်ကရေမြုပ်နေတော့ အဖျားကိုမကျတော့တာပါ ။ ဖုန်းလည်းသိပ်မကိုင်နိုင်ဘူးပေါ့နော် ။

ဘာလို့စာဆက်မရေးတော့တာလဲ ။
အယ်ရီလတ်တလောစစ်ဆေးပြီးသလောက် Sensitive Nervous System ရှိတာပါတဲ့ ။ အဲ့ဒါကြောင့် သာမန်လောက်လေးအပြောခံရရင်တောင် ဘဝနဲ့ရင်းပြီးခံစားတတ်တာလို့ပြောပါတယ် ။ အဲ့ဒါကစိတ်ပျော့ညံ့တာ drama ဆန်တာမဟုတ်ဘဲ ဒီလိုလူမျိုးတွေရှိပါတယ်တဲ့ ။ဒါမျိုးကိုကုဖို့ထက် stress တွေ pressure တွေကဝေးအောင်နေပြီးကိုက်ညီတဲ့လူနေမှုဘဝတည်ဆောက်ရမယ်တဲ့လေ ။ ပြီးတော့ နှစ်နှစ်တောင်ရှိပြီမို့ အယ်ရီပညာရေးကိုဆက်မမျှော်လင့်တော့ဘဲ အလုပ်ချိန်ပြည့်လုပ်ဖို့ တွေးလိုက်ပါပြီ ။ အယ်ရီပြောသလိုပဲ အယ်ရီကအရေးအသားမကောင်းဘဲ ကိုယ်ချစ်တဲ့လူတွေကိုပဲ ချစ်စရာကောင်းအောင်ချရေးတတ်တာပါ ။ အဲ့တော့ တစ်ချို့အပုဒ်တွေမနိုင်တော့တာမျိုးရှိတယ် ။ မနိုင်တော့ရင် ဝေဖန်ခံရမှာပဲလေ ။ အဲ့ဒါကိုလည်းကြောက်တယ် ။ ပြီးတော့ Fanfic ဆိုတော့ ပိုပြီးတာဝန်ကြီးနေတယ် ။

ကျန်းမာရေးမကောင်းတဲ့အတူတူတတ်တဲ့စာရေးတာလေးနဲ့ဝင်ငွေရှာပြီး Professional ကျကျစာရေးပါလား ?။
ဒီလိုအကြံပေးကြတာကိုစိတ်ရင်းနဲ့လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ် ။ တကယ်လည်း dream job လေးပဲ ။ ဒါပေမဲ့
Wattpad ကအများစုအယ်ရီ့လို အလုပ်မရှိသေးတဲ့ကျောင်းသူလေးတွေများပါတယ် ။ သူတို့လာဖတ်တာတောင်ဘေဖိုးကုန်လို့လေးငါးရက်နေမှတစ်ခါစုဖတ်ရတာလည်းရှိတယ်ပေါ့ ။ အလုပ်ရှိသွားရင် Wattpad မှာအချိန်မပေးနိုင်တော့ဘူးလေ ။ ပြီးတော့ အရေးအသားလည်းယုံကြည်ချက်မရှိတော့ အဲ့လိုလုပ်တာကအဆင်မပြေဘူးပေါ့ ။ အဆင်ပြေခဲ့ရင်တောင် ငွေယူထားတဲ့အလုပ်မို့ ပိုပြီးဝန်ပိမယ်လို့ထင်တယ် ။ Free ရေးတင်ရင်တောင် ဝန်ပိတာတွေများတော့ ငွေရှာတယ်ဆိုတဲ့အပြောအဆိုတွေကို အပြောခံနိုင်ပါ့မလားဆိုပြီး အယ်ရီယုံကြည်ချက်မရှိဘူးရယ် ။ အလှုငွေကောက်ကြလှုကြတာတောင်သူတောင်းစားတို့ လုပ်စားတယ်ပြောကြတော့
အော်သာကိုယ်တိုင်သာသုံးမယ်ဆိုရင်ရစရာတောင်ရှိမယ်မထင်ဘူး ဟီး ။ အပြင်အလုပ်လည်း Stress များပေမဲ့ ဒီလောကကျ personal attack ပါရှိလာနိုင်တယ်လေ ။ အဲ့ဒါကြောင့်ပါ ။

Xiao Tu Tu and Leo Where stories live. Discover now