~12~

7.8K 1.2K 102
                                    

အခန်း(၁၂) - သခင်ကထုထုကိုစွန့်ပစ်တော့မှာ...တဲ့။

လပြည့်ပွဲတော်နီးကပ်လာတာနဲ့အမျှ နန်းတော်ထဲ အလုပ်ရှုပ်လာကြတယ် ။ သခင်ကတော့ ထုထုရဲ့အနှိပ်သည်လေး ၊ သန့်ရှင်းရေးသမားလေး ၊ အီးကျုံးသမားလေး ၊ Chef ကလေး ဖြစ်နေတုန်းပေါ့နော့  ။ ဒါပေမဲ့ သခင်ကဒီနေ့တော့ ငြိမ်နေတယ် ။ သူကထုထုကို တစ်ခုခုပြောချင်ပေမဲ့ ပြောရခက်သလိုလှမ်းလှမ်းကြည့်နေတယ် ။ ထုထုသခင့်ရဲ့တက်တူးကိုပွတ်လိုက်ပြီးသခင့်ကိုချော့လိုက်တယ် ။ ထုထုကိုရင်ဖွင့်လိုက်စမ်းပါ သခင်ရယ် ။ပြောချင်တာပြောချလိုက် ။ ထုထုရှိတယ်။

"ကိုယ် ဘုရားကျောင်းမှာလပြည့်ပွဲတော်နေ့အထိသွားနေရမှာ "

အော် ခရီးသွားရမှာလား ။ ထုထုလည်းလိုက်မယ် ။ ထုထုအိတ်ပြင်လိုက်မှာပေါ့ ။ စောစောပြောတာမဟုတ်ဘူးနော် ။

"ကိုယ် Sean ကိုခေါ်သွားလို့မရဘူး အထိန်းတော်ကြီးနဲ့နေခဲ့နော် သူဂရုစိုက်ပေးမှာပါ "

ထုထုလက်ထဲက ကွတ်ကီးလေးဘုတ်ခနဲကျသွားတယ် ။ အာ... ထုထုကိုမပြောပါနဲ့ ။ ထုထုဘာမှမကြားလိုက်ပါဘူး ။

Alpha က သက်ပြင်းချလိုက်တယ် ။ သန့်စင်ခြင်းမင်္ဂလာခံယူဖို့ သူက လပြည့်နေ့မကျော်မချင်း သူ့ Mate ကလွဲရင် အခြားသက်ရှိတွေနဲ့ လိုတာထက်ပိုတဲ့နှီးနှောဖလှယ်မှုလုပ်လို့မရဘူး ။ သူ့ယုန်နဲ့သူရဲ့ ရင်းနှီးမှုက လွန်လွန်ကဲကဲ ဖြစ်နေတော့သူဘုရားကျောင်းမှာ ရက်အနည်းငယ်နေဖို့ဆုံးဖြတ်လိုက်ရတယ်။သူ့ယုန်က Why? Why? Why? ဆိုတဲ့ပုံစံလေးနဲ့ သူ့ကိုငေးစိုက်ကြည့်နေတော့ သူအပြစ်ရှိသလိုခံစားရသည်။

"Sean "

သူ့ယုန်လက်ကိုအသာဆွဲတော့ ယုန်ကလက်ကိုခါထုတ်တယ် ။ ဘီဒိုနားမှာ အုန်းပင်လေးလို ဇောက်ထိုးကွေးပြီး အုန်းပင်ကနေဘောလုံးလေးဖြစ်သွားတယ် ။

"မကောက်ပါနဲ့ကွာ "

Alpha ကသူ့ယုန်ကိုကို ရင်ခွင်အောက်ထည့်လိုက်ပြီး ရှည်စပြုလာတဲ့အမွှေးလေးတွေကိုသပ်ပေးလိုက်တယ် ။ 

"ကိုယ့်ကိုချစ်လားပြော "

ထုထုကိုမျှော်လင့်ချက်တွေလာမပေးပါနဲ့ဆို။ထုထု ချစ်စရာကောင်းအောင် ထပ်မူချင်ပေမဲ့ အရေးနဲ့အကြောင်းဆို Bubble Tea က ဖျော်ချင်လာပြီနော် ။ ထုထုဖင်လေးကျစ်ပြီးယုန်အိမ်သာထဲပြေးဝင်လိုက်တယ် ။ သေးခံဇကာလေးစိုနေရင်သူရွံတာမို့ အိမ်သာစီးဖိနပ်လေးပါ သခင်ကပြင်ပေးထားသေးတယ် ။ ယုန်အတွက်ဖိနပ်စီးရတာသိပ်ခက်ပါတယ် ။ ထုထုကစူပါယုန်လေးဖြစ်နေတော့တော်သေးတာပေါ့ ။

Xiao Tu Tu and Leo Where stories live. Discover now