~11~

7.6K 1.3K 62
                                    

အခန်း (၁၁) - သခင့်နှလုံးသားကဆောင်းရာသီမှာခဲသွားတယ် ။

Alpha က မြင်းစီးဝတ်စုံကို တစ်ချက်ဆွဲဆန့်လိုက်ပြီး ကြာပွတ်ကိုဖြောင်းခနဲနေအောင်ဖြန့်ချလိုက်တယ် ။ ထုထုတုန်သွားတာပဲ ။ သခင်ကလည်းနော် အားကြီးနဲ့ ။ ထုထုသေးသေးလေးဖြစ်နေတာလည်းကောင်းပါတယ်လေ ။ မဟုတ်ရင် ကြာပွတ်ကြီးနဲ့ တက်ကလုပ်တက်ကလုပ် ဆိုပြီးသခင်ကမောင်းတော့မှာ ။ ဟွန့် ထုထုပဲသခင့်ပခုံးပေါ်ထိုင်ချင်တာ ။

Alpha က သူ့မြင်းဖြူကြီးပေါ်တက်လိုက်တော့ ထုထုပြုတ်မကျအောင်ခပ်တင်းတင်းဖက်လိုက်တယ် ။ ဒါတောင်ခြေချော်ပြီးတွဲလောင်းလေးကျသွားလို့အသဲငယ်ရပါသေးတယ် ။

ထုထုကသခင့်ပခုံးပေါ်ပြန်တက်ဖို့ကိုသခင်က ပေးမတက်ဘဲသူ့ရှေ့မှာပုံ့ပုံလေးထိုင်ခိုင်းထားတယ် ။ ထုထုကမြင်းမစီးချင်ပါဘူးဆို ။ ထုထုမျက်နှာငယ်လေးနဲ့မော့ကြည့်ပေမဲ့သခင်က အရေးမလုပ်ဘဲမြင်းကိုထွက်ခွာဖို့အချက်ပြလိုက်တယ်။  သခင်က ကြာပွတ်ကိုအသုံးမပြုတာမို့
ထုထုခဏငှားထားတယ် ။ ကိုက်ချင်လို့လေ ။

မြင်းစီးပြီးတဲ့အခါ သခင်က ထုထုကိုလေ့ကျင့်ခန်းလုပ်ခိုင်းတယ် ။ ကြည့်ပါဦး တန်းတွေကျော်ခွပြေးလွှားခုန်ပေါက်စေချင်နေတာ ။ နိုးပါ ။ ခုထုက ကျက်သရေရှိတဲ့ယုန်ကလေး ။ ထုထုက လှလှလေးပဲထိုင်မှာ ။

Alpha က သူခိုင်းသမျှအရေးမလုပ်ဘဲ ငုတ်တုတ်ထိုင်နေတဲ့ယုန်ကိုကြည့်ပြီးစိတ်အိုက်သွားတယ် ။ သူ့ဆီရောက်လာတဲ့တစ်ပါတ်အတွင်းသူ့ယုန်က ဝိတ်အလွန်တက်လာတယ် ။ ကျန်းမာရေးဂရုစိုက်တဲ့ယုန်ဆိုပေမဲ့ သူကလည်းချစ်လွန်းတာကြောင့် သူစားသမျှကျွေးမိပြီး
ယုန်က ဝလာတာလေ ။

"Sean ကိုယ်ဒေါသမထွက်ချင်ဘူး "

မှန်ရှာနေတဲ့ယုန်က အင်တင်တင်ဖြစ်သွားတယ် ။မထွက်ချင်ရင် ထွက်နဲ့ပေါ့သခင် ။ဘာခက်လဲပြော ။ ထုထုက ရမလားလို့စောင့်ကြည့်ပေမဲ့
သခင့်မျက်နှာတည်လာတော့ ခုန်ဆွဆွပြေးပြလိုက်တယ် ။ ယုန်တော့အိန္ဒြေပျက်ပါပြီနော် ။

Alpha က သူ့ယုန်ဟန်ပြရုံ လေ့ကျင့်ခန်းလုပ်နေတာကိုကြည့်ပြီးသက်ပြင်းချလိုက်တယ် ။ အိမ်ပြန်တဲ့အခါ ယုန်က Alpha ရဲ့ကိုယ်ပေါ်တက်ခွင့်မရတော့ဘဲ လွယ်အိတ်လေးတစ်လုံးသယ်ပြီး ခက်ခက်ခဲခဲနောက်ကလိုက်ရပါတော့တယ် ။ ရက်စက်လွန်းတဲ့သခင် ။ အေးစက်လွန်းတဲ့သခင် ။ ထုထုစိတ်တိုတိုနဲ့ နှင်းခဲတွေကိုကန်ထုတ်ပစ်လိုက်တယ် ။

Xiao Tu Tu and Leo Where stories live. Discover now