~61~

4.9K 964 56
                                    

အခန်း (၆၁) - ထုထုဗိုက်ထဲကလှုပ်နေတယ် ။

ထုထုကိုအိတ်ထဲဖွက်ရင်း အပြင်ခေါ်ထုတ်လာတဲ့ Ice က အတော်လေးတုန်လှုပ်နေပုံရတယ် ။ လက်ကအမွှေးတွေကိုလျှာနဲ့အသာလျက်ရင်း
ထုထုတော့စိတ်ပူမိတာပါပဲ ။ သခင့်ကိုလျှို့ဝှက်ပြီး ထုထုတစ်ခုခုလုပ်တော့မှာ ။ ထုထုကလေးလေးမွေးမယ်လေ ။ ဒါကထုထုအသက်နဲ့အလဲအလှယ်လို့ဆိုပေမဲ့ Ice က လောကရဲ့
ပြစ်ဒါဏ်စီရင်ပုံတွေ ၊ ဝိဉာဥ်ပျောက်ဆုံးပုံတွေပြခဲ့တာမို့ သခင့်ကိုအဲ့လိုအဖြစ်မခံနိုင်ဘူး ။ သခင်က ဒီလောကရဲ့အုပ်ချုပ်သူဖြစ်ပြီး ထုထုကတော့အခြားလောကကရောက်လာတဲ့ လေလွင့်ယုန်လေးပါပဲ ။

Ice ရဲ့အိတ်ကပ်ထဲမှာ ထုထုကွေးကွေးလေးအိပ်လိုက်တယ် ။ သခင်သူ့ကိုကယ်ခဲ့တဲ့ပုံတွေ ၊ စွန့်ပစ်ခံရမှာကိုထိတ်လန့်ခဲ့တဲ့ရက်တွေ ၊ ပထမဆုံးအနမ်းတွေ ၊ ပထမဆုံးမိတ်လိုက်တာတွေ သူအားလုံးကိုသတိရနေတုန်းပဲ ။ ထုထုကသခင့်ကိုတွယ်ကပ်နေချင်ရုံလေးပါ ။ ထုထုက တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော သခင့်ကိုအခြားသူစိမ်းနဲ့တော့ လင်မယားမဖြစ်စေချင်ဘူး ။ ထုထုကလေးလေးတွေအများကြီးမွေးပြီးတော့ သခင့်ရဲ့တစ်ဦးတည်းသော ကြင်ဖက်ကလေးလုပ်မယ် ။

ထုထုကတကွိကွိမြည်အောင်ရယ်နေရင်း မျက်ရည်တွေကျလာတယ် ။ တကယ်တော့ ထုထုမသေချင်ဘူးသခင် ။ သခင်နဲ့အတူ နေထွက်တာ နေဝင်သွားတာ အတူကြည့်ချင်သေးတယ် ။ လမင်းဘေးက ကြယ်တွေကိုလည်းဆက်ရေတွက်ရဦးမယ် ။ ထုထုသေသွားတဲ့ရင်တောင် ဆောင်းရာသီကရောက်လာဦးမှာပဲ ။ အဲ့အချိန်
သခင့်ကိုဘယ်သူဖက်ထားပေးမှာလဲ ။ သခင့်ရဲ့ မီးလင်းဖိုလိုနွေးထွေးနေတဲ့ နှလုံးနားကပ်ပြီး ဘယ်သူရင်ငွေ့လှုံတော့မှာလဲ ။

တိတ်ဆိတ်နေတဲ့ဂူတစ်ခုဆီရောက်တော့ အထဲဝင်ဖို့ Ice က တုံ့ဆိုင်းနေတယ် ။

"မင်းသေချာလို့လား "

"အိ အိ "

ထုထုမျက်ရည်တွေသုတ်လိုက်ပြီး အိတ်ကပ်ထဲနေခုန်ပေါက်ပြလိုက်တယ် ။

"မင်း...သခင်နဲ့ထပ်တွေ့ရတော့မှာမဟုတ်ဘူးနော်"

"အိ အိ "

Xiao Tu Tu and Leo Where stories live. Discover now