~99~

2K 328 18
                                    

အခန်း (၉၉) : လူလူတို့တံခါးပိတ်ပြီး နပန်းလုံးတိုင်း ယုန်တွေဂိုဆွဲမထည့်ပါနဲးးးးး ။

ညီဖြစ်သူနားတကပ်ကပ်ဖြစ်နေတဲ့လုံးလုံးက မှောင်လာတော့လင်မယားခန်းထဲကနေကန်ထုတ်ခံလိုက်ရတယ် ။ လုံးလုံးက ကျွတ်ချက်နေတဲ့ အမွှေးတွေကိုခါလိုက်ရင်းအခန်းတံခါးကို ခါးထောက်လို့ကြည့်လိုက်တယ် ။

ဘားးးးးလိုးးးးးးလဲးးးးးးး?  ။

သူနော် အေးနော့ ဒီတလောညညဆို ဒီအခန်းထဲက ဆော့သံတွေကြားကြားနေရတယ် ။ သူတွေးနေတုန်း ဦးလေးကြီးက လုံးလုံး ညီလေးကိုပါအဖေပိစိလက်ထဲလာထိုးထည့်ပေးသွားတယ် ။ အာ့ဆိုသူတို့နပန်းစလုံးတော့မှားးး ။ 
လုံးလုံးကသူတို့နပန်းသတ်တာကို ဆက်နားမထောင်တော့ဘဲ ညီလေးကိုသွားအူကျူးနေလိုက်ပါတယ် ။

ကလေးက အေ့ နည်းနည်းတော့ရုပ်ဆိုးပေမဲ့ လုံးလုံးရဲ့ချစ်စရာကောင်းတဲ့မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကြည့်တော့ အေ့ ချစ်ဖို့ကောင်းတယ်နော်ပေါ့အေ့ ။

"ဒယ်ဒီ အေ့ သားညီလေးပါးက ပေါက်စီလုံးလေးလိုပဲနောအေ့ "

"လူကြီးတွေပြောသလိုအကျင့်လိုက်မလုပ်ရဘူးလေ သားရဲ့ ၊ အရက်သမားသံပေါက်နေတယ် "

"ဟယ့်တော် ရှင်ကလည်း လုံးလုံးကိုအဲ့လိုမပြောပါနဲ့အေ "

ယုန်က စိတ်ဆင်းရဲစွာနဲ့ရယ်လိုက်တယ် ။
လူတွေပြောသမျှနားထောင်ပြီးလိုက်ပြောနေတော့တာပဲ ။

"မေ့နေတာ ဒယ်ဒီ့အတွက် လုံးလုံး လက်ဆောင်ပေးစရာရှိတယ်နော် "

လုံးလုံးကသူစုဆောင်းထားတဲ့ ကြောင်မွှေးတစ်ဖုတ်ကို သယ်ထုတ်လာပြီးပေးလိုက်တယ် ။

"ဒါတွေဘယ်ကရတာလဲ? "

"လုံးလုံး ဟိုဟိုဒီဒီသွားရင်းနဲ့ဆွဲနှုတ်လာတာ "

"ဘာလို့လဲ?  ကျစ် ဘာအတွက်ဖြစ်ဖြစ် အကောင်တွေအမွှေးလိုက်မနှုတ်ရဘူး "

"ဘာလိုးလဲ "

"ဘာလို့လဲ!  "

"ဘားလိုလဲ "

"ဘာ "

"ဘာ "

"လို့ "

"လို့ "

Xiao Tu Tu and Leo Where stories live. Discover now