~8~

7.9K 1.2K 50
                                    

အခန်း(၈)- ထုထုဝမ်းနည်းတယ် ။

သခင်ကထုထုကိုအရမ်းချစ်ပေးတယ် ။ ထုထု
စဥ်းစားနေတာပါလေ ။ သခင်ကထုထုကိုဘာလို့အဲ့လောက်ချစ်တာလဲ ။ အရမ်းချောလို့ဆိုတာသိပေမဲ့ ဒါကအကြောင်းပြချက်အကုန်မဟုတ်နိုင်ဘူး ။

Alpha က ယုန်နဲ့သူ့အတွက်မနက်စာယူပြီးအခန်းထဲဝင်လာတယ် ။ ပြတင်းပေါက်မှာလက်ထောက်ပြီး အတွေးများနေတဲ့သူ့ယုန်ကဖင်တလှုပ်လှုပ်နဲ့ ။ ရေချည်းချိုးနေပေမဲ့ ခြေထောက်လေးကလည်း ဟိုကုတ်ဒီကုတ်လုပ်နေတာပါပဲ။ယုန်တွေကိုရေအရမ်းပေးဆော့ဖို့မသင့်တော်တာသူသိပါတယ်။ဒါပေမဲ့သူ့ယုန်က ငါးထက်တောင်ရေကြိုက်နေတာပြဿနာပဲ ။

"Sean မနက်စာ "

ဟော သေခဲဦးမယ် ။ သခင်ရောက်လာပြီ ။

ထုထု Alfafa ကြွပ်ကြွပ်လေးတွေကိုတလှုပ်ဝါးပြီးသခင့် ထမင်းမနက်စာကိုမျက်စောင်းထိုးလိုက်တယ် ။ Alpha က မနက်စာထက်သူ့ယုန်ကိုသာကြည့်နေတာမို့ ဒါကိုမြင်တယ် ။

"Sean စားချင်လို့လား "

ထုထုသွားလေးဖြဲပြပြီး သခင့်နားတိုးသွားလိုက်တယ် ။ ထုထုစားချင်လို့မဟုတ်ရပါနော် ။ သခင်နဲ့ဆင်တူမြည်းစမ်းဖူးချင်ရုံပါဂျာ ။

"မုန့်ခြောက်တော့မစားရတော့ဘူး "

Alpha က ယုန်စာမုန့်ပန်းကန်တစ်ချပ်ကိုတော့ပြန်သိမ်းလိုက်တယ် ။ သွားရည်စာတွေအများကြီးကျွေးမိရင် Sean ထိခိုက်မှာသူစိုးရိမ်တယ် ။ တိကုဆရာဝန်တွေကလည်း Sean အရေးပေါ်အခြေအနေဖြစ်လာရင်ကယ်တင်နိုင်မှာမဟုတ်ဘူး။

Sandwich လေးကို အလယ်ကလှီးချပေးပြီး တသ်ယောက်တစ်ဝက်စားလိုက်တယ် ။ ထုထုရမ်းကြိုက်သွားပြီ ။ အဲ့ဒါဘယ်လိုလုပ်ရမလဲပြော ။

"ဒါလည်းသောက်ကြည့် "

အူသန့်စေတဲ့စွပ်ပြုတ်ရည်ကိုတိုက်တော့ထုထုလျှာနဲ့တို့လိုက်တယ် ။ ဝေါ့...အရသာလည်းမရှိဘူး ။

"လူဆိုးလေး "

သခင်က ချစ်စနိုးနဲ့ပြောတော့ထုထုခေါင်းလေးပွတ်ပေးဖို့ပါတောင်းဆိုလိုက်တယ် ။ သခင်ကစွပ်ပြုတ်ကိုကုန်အောင်သောက်လိုက်ပြီး ထုထုစားတာကိုကြည့်နေတယ် ။ ဟုတ်သား...ထုထုကိုခွဲကျွေးလိုက်တော့သခင်ဘယ်ဝပါ့မလဲ ။ ထုထု မြက်ခြောက်တစ်ဝက်နဲ့ စတော်ဘယ်ရီတစ်လုံးကိုသခင့်အတွက်ပေးလိုက်တယ် ။

Xiao Tu Tu and Leo Where stories live. Discover now