~94~

1.9K 344 12
                                    

သားနဲ့ခင်ပွန်းသည်ကို မျက်စိအောက်ကပျောက်လို့မခံချင်ဖြစ်နေခဲ့တဲ့  Sean ကြောင့် ခြေချုက်မိနေခဲ့တဲ့ Alpha က ဒီညတော့ကျင့်ကြံရာကန်ဆီပြန်လာခဲ့တယ် ။

လရိပ်သဲ့သဲ့ဟပ်ရာကန်ရေပြင်မျက်နှာပြင်ကလှုပ်လီလှုပ်လဲ့ ။ အမှောင်ထုဝါးမျိုထားခဲ့တဲ့ကန်အောက်ခြေဘက်မှာတော့ နုပျိုတဲ့နဂါးမီးတောက်လေးတွေက Alpha နဲ့ သားငယ်ကိုဝန်းရံထားပြီး အမှောင်ကိုခွင်းစေတယ် ။

အချိန်တွေတိုက်စားဝါးမျိုလာပေမဲ့ Alpha က တည်ငြိမ်စွာနဲ့ကိုယ်တွင်းစွမ်းအင်တွေကိုကြိုးစားချိတ်ဆက်ပြီး နဂါးမီးတောက်ငယ်လေးတွေကိုသွေးကြောတစ်လျှောက်စီးဆင်းစေတယ် ။

သူကထိုအမှုကိုအာရုံစိုက်နေတုန်းမှာပင်
ရုတ်တရတ်အေးစက်သွားတဲ့ ပတ်ဝန်းကျင်
ကြောင့် ချက်ချင်းပင်မျက်လုံးတွေ ဖွင့်လိုက်ပြီး
အရှေ့ကဟန်ချက်မထိန်းနိုင်တော့တဲ့သားငယ်ကိုရင်ခွင်ထဲပွေ့ချီလိုက်တယ် ။ Alpha က မျက်မှောင်ကျုပ်ထားရင်း ခပ်ဝေးဝေးဆီဦးတည်ပြေးလွှားသွားတဲ့နဂါးမီးတောက်ငယ်တွေကို
ကြည့်လိုက်တယ် ။ ဒီမီးတောက်ငယ်တွေက Alpha မိခင်ဝမ်းကြာတိုက်မှာအခြေတည်ထဲကကိုယ်ထဲအတူကိန်းဝပ်ပါလာခဲ့တဲ့ ကနဦးစွမ်းအင်အရင်းအမြစ်လေးတွေဖြစ်တယ် ။ သူတို့မှာကြီးမားတဲ့စွမ်းအင်မရှိဘဲ Alpha ရဲ့တည်ရှိမှုအနားဝန်းရံတတ်တဲ့ ဖွားတော်ဖွားဖက်တွေပင် ။ ဒီမီးတောက်ငယ်လေးတွေမှာသေးငယ်တဲ့အသိဥာဏ်ရှိပြီး ကလေးတစ်ယောက်လိုအဆော့သန်ရင်တောင် Alpha ရဲ့အနားကလွဲပြီး တစ်နေရာဆီပြေးလွှားသွားတတ်တဲ့အရာလေးတွေမဟုတ် ။

Alpha ရဲ့ မျက်တောင်လေးတွေက ဆတ်ခနဲ
လှုပ်ခတ်သွားတယ် ။ နဂါးမီးတောက်ငယ်လေးတွေ စိတ်လှုပ်တရှားနဲ့ အရေးကြီးတဲ့ကျင့်စဥ်
ကျင့်နေခါမျိုးမှာတောင် သတိမကပ်တော့ဘဲ
အပြေးအလွှားသွားရှာတာဘာရှိနိုင်မလဲ?  ။

မီးတောက်ငယ်လေးတွေရဲ့ အကြီးအကဲနဂါးဝိဥာဥ်က ကူးလူးရေးနယ်မြေ ( Alpha ခုန်ချလာတဲ့နေရာ)  မှာသေဆုံးသွားခဲ့ပြီးပြီ ။

ICE ရဲ့စကားသံတွေကသူ့ဦးနှောက်ထဲ တရိပ်ရိပ်နေရာယူလာခဲ့တယ် ။

Xiao Tu Tu and Leo Where stories live. Discover now