~97~

2.1K 343 11
                                    

ရှောင်းကျန့်လက်ထဲကစာအုပ်ကိုပိတ်ရင်း ခပ်တိုးတိုးခြေသံလေးကိုနားစွင့်နေလိုက်တယ် ။
ယုန်က အပြင်မထွက်တာတော်တော်ကြာပြီမို့
ခြေများလွန်းတဲ့အကျင့်ကိုတောင်သူမေ့လုနီးပါးရှိနေပြီ ။

ရှောင်းကျန့်လိုက်တော့မတားဖြစ်ခဲ့ဘူး ။ ယုန်က သူဒါကိုမကြိုက်မှန်း သိသိရက် ဆက်သွားနေထဲက  လိုက်တားလည်းအသုံးဝင်မှာမှမဟုတ်ဘဲ ။ ဒီနေ့တား နောက်နေ့ထွက် ၊ ပြောသမျှလည်းနားလည်.... ခံစားရတာရှောင်းကျန့်ပဲရှိမယ် ။ 

ဘေးကိုငဲ့ကြည့်တော့ သူ့တူသေးသေးလေးက ဝက်ကလေးလိုပဲအိပ်နေလိုက်တာ ။
ကလေးအတွက် ခပ်ပွပွအဝတ်လေးတွေဆင်ပေးထားတာမို့ မှိုပွင့်လုံးလေးနဲ့တောင်တူနေသေးတယ် ။ ကားနေတဲ့ခြေထောက်လေးတွေကိုအသာဖိဖြောင့်ပေးရင်း ပုံနေတဲ့ကလေးအဝတ်လေးတွေခေါက်ဖို့ရှိသေးတာသူသတိရလာတယ် ။ ဒါတွေက သူ့တူလေးနဲ့ဆိုတော်တော်ကြီးပေမဲ့ ကလေးကိုသက်တောင့်သက်သာရှိစေတဲ့အပြင် အရွယ်အစားပြောင်းတာမြန်တဲ့အရွယ်မှာ အဝတ်တွေမြန်မြန်ဆန်ဆန်မတော်တော့တဲ့ ပြဿနာမျိုးလည်းမတွေ့ရတော့ဘူးပေါ့ ။

ဒါတွေကိုမတွေးမိခင်ကရှောင်းကျန့်ဝယ်ပေးထားမိတဲ့ အဝတ်လေးနှစ်စုံကတော့ရှိသေးတယ် ။ သေးသေးကွေးကွေးအဝတ်လေးကိုခေါက်နေရင်း အညိုလုံးလေးကိုသူသတိရလာတယ် ။

အခန်းထဲ သွားကြည့်တော့ ဒီညမှာ ယုန်ကအညိုလုံးလေးကိုခေါ်ထုတ်မသွားခဲ့ပေ ။ ရှောင်းကျန့် လက်ထဲပါလာတဲ့အဝတ်သေးသေးလေးတစ်စုံက်ုကိုင်ရင်း အညိုလေးကိုစိတ်လှုပ်တရှားဝတ်ပေးလိုက်တယ် ။ အပျင်းတုံးလေးကမျက်စိတစ်ဖက်သာ သေးသေးလေးပွင့်လာပြီး သူ့ကိုဖက်တွယ်လို့ ချီခိုင်းနေပါရဲ့ ။ အဝတ်ကလေးနဲ့အညိုလုံးကတော်တော့်ကိုအူယားဖို့ကောင်းနေတယ် ။ ဘောင်းဘီကတော့ အညစ်အကြေးတွေပေရေကုန်မှာစိုးလို့ သူမဝတ်ပေးပါဘူး ။

ဒီတလောငွေလေးတွေကလည်း တော်တော်စုမိထားတော့ ယုန်နဲ့အညိုလုံးအတွက် သူမနက်ဖြန် လက်ဆောင်တွေပတ်ဝယ်ရမယ် ။ မမက မကြာခင် အိမ်တစ်လုံးဝယ်နိုင်တော့မယ်လို့ပြောတယ် ။ တူလေးမွေးခါနီးမှပဲ စီးပွားရေးတွေထောင်တက်လာတဲ့အပြင် တစ်သက်လုံး စက္ကူစုတ်အဖြစ်သာပစ်ထုတ်နေရတဲ့အပတ်စဥ်ထီလက်မှတ်ကတောင် ဆုကြီးတစ်ဆုထပေါက်လိုက်သေးတယ် ။

Xiao Tu Tu and Leo Where stories live. Discover now