~82~

3.8K 451 23
                                    

အိမ်ပြန်နောက်ကျပြီးဆေးရုံမရောက်ခဲ့လို့ရှောင်းကျန့်အဆူခံရပြန်တယ် ။ ဆူတာကိုသူစိတ်မဆိုးပေမဲ့ တစ်ခါတလေ အရမ်းလွန်တာတွေပြောရင်မကြိုက်ဘူးဗျာ ။

Alpha ယုန်က နွမ်းလျနေတဲ့ချစ်ရသူအနားရောက်လာပြီးနဖူးကြောလေးတွေအသာနှိပ်ပေး
နေတယ် ။

"ငါ့ကိုဘာလို့ပါးရိုက်နေတာလဲ"

ယုန်ကလက်သေးသေးလေးတွေကိုပြန်ငုံ့ကြည့်ပြီးခေါင်းခါလိုက်တယ် ။ ဘာလို့ရိုက်တယ်လို့ထင်နေရတာလဲ ။

"ယုန် ကျန့်ကျန့်ဝမ်းနည်း "

အပြင်မှာလူတွေမအိပ်သေးတာမို့တိုးတိုးလေးပြောပြီးယုန်ရင်ခင်ထဲခေါင်းဝှေ့ကာ ချွဲလိုက်တယ် ။ ယုန်အရွယ်အစားက လူခေါင်းတစ်လုံးစာထက်အများကြီးမကြီးတာမို့ အပွတ်ခံနေရတဲ့ယုန်က ကလီစာတွေအထောင်းခံနေရသလို ။ သေချာတာက သူ Sean ကိုတစ်ကိုယ်လုံးမွှေးရင်တောင်ဖွဖွရွရွကလေးမွှေးခဲ့တာ ။ ယုန်က အသက်လုနေရသည့်ကြားမှ လူငယ်လေးရဲ့ခေါင်းကိုဖွဖွပွတ်ပေးလိုက်တယ် ။ ယုန်မျက်သွယ်လေးတွေမော့ငေးလာလေတော့ ယုန်ကအသာနမ်းလိုက်တယ် ။

ချစ်လိုက်ရတာကိုယ့် Sean ငယ် ။

********

ရှောင်းကျန့်အနာတွေသက်သာလာတော့ ဒါဏ်ရာအကွက်လေးတွေကိုပန်းပွင့်လေးတွေဖြစ်အောင်ဆော့ပင်နဲ့အဆံလိုက်ထည့်ပေးလိုက်တယ် ။

အမယ်းးးး ။ အနာရွတ်တောင်လှတာနော ။

ခြေလေးခွေထိုင်ရင်း ဆော့နေတဲ့ကောင်လေးကိုပြုံးကြည့်ရင်း ဆေးပြီးတဲ့ပန်းကန်တွေရေသုတ်နေတဲ့ယုန် ။ အမွှေးတွေကပ်တတ်လွန်းတာမို့သူ့မှာအမွှေးတွေမပွအောင်သေချာပြင်ဆင်ထားရတယ် ။ တစ်နေကုန်အိမ်အလုပ်လုပ်နေတဲ့ယုန်ကိုရှောင်းကျန့် ပျင်းတိပျင်းရွဲကြည့်ရင်းခြံဘက်သွားဖို့ပြင်လိုက်တယ် ။ ခြံကတန်ဖိုးနည်းမြေကွက်တွေဘက်မှာမို့ လမ်းခရီးသေချာမပေါက်ဘဲနှစ်နာရီလောက်ကားစီးရတယ် ။ အရင်ကတော့ရှောင်းကျန့်အဲ့မှာအမြဲနေဖြစ်တယ် ။ အိမ်မှာကမလွတ်လပ်ဘူးလေ ။ မီးလောင်ရာတွေရှင်းလင်းထားပြီးဖြစ်ပေမဲ့ ခြေရာလက်ရာတွေတော့ကျန်ခဲ့တုန်းပဲ ။ ဒီမီးထဲတဇွတ်ထိုးတိုးဝင်သွားခဲ့ပေမဲ့ အခုချိန်မှာတော့ပြန်တွေးမိရုံနဲ့တင်သူကြောက်လှပါသည် ။ ဝက်ခြံတွေပြင်တာကူလုပ်ပေးပြီးရှောင်းကျန့်နားဖို့ထွက်လာတယ် ။ သူ့နောက်မှာပြောကျန်ခဲ့တာတွေတော့သူမကြားနိုင်ခဲ့ ။

Xiao Tu Tu and Leo Where stories live. Discover now