~69~

5.6K 936 40
                                    

အခန်း ( ၆၉)  - ထုထုယားတယ် ။

Alpha က အသက်မရှိတဲ့လူတစ်ယောက်လိုမျိုးအဆောင်ကိုပြန်လာခဲ့တယ် ။ 

"ဝိဥာဥ်က စွမ်းအင်ခိုင်မြဲနေပြီမို့ ..ကလေးကိုဖျက်ချလို့မရတော့ပါဘူး "

"ငါ့ကြင်ယာတော်ကိုသာကယ်တင်နိုင်ရင် မရနိုင်စရာမရှိဘူး ၊ ဘာမဆို "

"အခုနေဖျက်ချရင် သူပါ သေမှာပါ ၊ ကျန်ရှိနေတဲ့သက်တမ်းသုံးလပါပျောက်ကွယ်သွားလိမ့်မယ် "

Ice ရဲ့စကားသံတွေကသူ့နားထဲချော်ရည်ပူလိုစီးဆင်းနေတယ် ။ သူ့ကောင်ငယ်လေးက ယခုတလောဖြစ်နေကျပုံစံအတိုင်းသူပြန်ရောက်တာနဲ့အကြာကြီးထားခဲ့ခံရသလို မျက်နှာမဲ့မဲ့နဲ့ ပြေးဖက်တွယ်တက်လာတယ် ။ အရင်က ကိုယ်ဝန်ဆောင်ချိန်မို့ ပိုပိုသာသာ ချွဲချင်ကပ်ချင်တာလို့သာသူတွေးထင်ခဲ့တာ ။ သူ့အသည်းအသက်လေးကတော့ တွေးရဲစရာတောင်မရှိတဲ့ အကြံအစည်တွေကိုသူမသိအောင်လုပ်ထားပြီး တစ်သက်လုံးစာထားသွားခဲ့မလို့တဲ့လား?  ဒီတစ်ချိန်လုံး နှလုံးငယ်တဲ့ကောင်လေးက ထိုအဖြစ်အပျက်ကိုသူ့ရင်ထဲမှာပဲထားပြီး ဘယ်လောက်တောင်ကြောက်ရွံ့ဝမ်းနည်းနေခဲ့မလဲ?  ။ ခြင်လေးကိုက်တာကအစ သူ့ကိုပြေးလာတိုင်ပြီး အလိုလိုက်ခံချင်တဲ့ကလေးလေးက...  သူ့အတွက်အသက်ကိုတောင်ပေးချင်ခဲ့ပါသတဲ့ ။

"သခင်... ထုထုကိုအိပ်တာမစောင့်ပေးဘူး  ၊
ထုထုဗိုက်ကြီးနဲ့ငန်းငန်းပေါ်တက်ခုန်ထားရတာ အရမ်းပင်ပန်းတယ်လေ ၊ သခင်ဘာလို့ထားသွားတာလဲ  "

"ကိုယ်မင်းကိုဘယ်တော့မှထားမသွားဘူး "

ခေါင်းလုံးလုံးလေးကိုငုံ့နမ်းတော့ လူသား
ဦးချိုစောင်းကနေထွက်ချင်နေတဲ့ ယုန်နားရွက်လေးကလှုပ်ခတ်သွားတယ် ။

"ကိုယ်ထားမသွားသလို.... လက်လွှတ်လိုက်မှာလည်းမဟုတ်ဘူး ၊ အဲ့ဒါကငရဲဖြစ်နေရင်တောင် ကိုယ် ကလေးနောက်ကိုလိုက်လာမှာ အဲ့ဒါကို
သိရဲ့လား Sean? "

ထုထုရဲ့မျက်ဝန်းဝိုင်းလေးတွေက တုန်တုန်ရီရီနဲ့သူ့သခင်ရဲ့မျက်ဝန်းစိမ်းတွေကိုလှမ်းကြည့်တယ် ။ နာကျင်ဆွေးမြေ့မှုအပြည့်နဲ့သခင့်မျက်နှာက
မွမွကျေနေတဲ့မှန်တစ်ချပ်လို ။

Xiao Tu Tu and Leo Where stories live. Discover now