~78~

2.7K 381 48
                                    

ရှောင်းကျန့်ပြန်လည်သတိရလာတော့ ထူးဆန်းတဲ့အကောင်တွေကိုမတွေ့ရတော့တာကြောင့်အကုန်လုံးသူအမြင်မှားခဲ့တာဟုသာတွေးလိုက်တယ် ။ သူတစ်ပါတ်ကျော်အောင် မျောနေခဲ့တာတဲ့ ။ ရှောင်းကျန့်ခေါင်းခါလိုက်ပြီး အိမ်ပြန်ဖို့သာအဝတ်အစားတွေထုပ်နေလိုက်တယ် ။ ကြိုဆိုဝမ်းမြောက်ပေးမဲ့သူမရှိပေမဲ့လည်းပေါ့ ။

ညနေရောက်တော့လူနာစောင့်အဖြစ်လာတဲ့ အစ်မက ရှောင်းကျန့်ကိုမျက်ရည်လည်ရွှဲနဲ့ကြည့်လေတယ် ။ ဖအေတူအမေကွဲတွေဆိုပေမဲ့လည်း မိဘမဲ့မောင်နှမနှစ်ယောက်မို့သူတို့တွယ်တာမှုက အတော်လေးခိုင်မြဲခဲ့တယ် ။ အခုတော့မမကသူ့မိသားစုနဲ့သူဖြစ်သွားပြီမို့ ကျန်ရစ်ခဲ့တာရှောင်းကျန့်တစ်ယောက်ပါပဲ ။

"မကြီးလာစောင့်ပေးမယ်တောင်မထင်ထားဘူး "

"ငါမလာလို့ နင့်စောက်မျိုးတွေက ဘယ်သူကောင်းလို့လဲ? "

"မကြီးရာ"

"နင်ဟယ် ဘာကိစ္စအဲ့ထဲပြေးဝင်သွားရတာလဲ
ဟမ် အဲ့ယုန်တစ်အုပ်ကဘာတန်ဖိုးများရှိနေလို့လဲ? အဲ့ယုန်တစ်အုပ်အတွက်များအရိုက်ခံလိုက်အဆဲလိုက်နဲ့ နောက်ဆုံးသေပါသေချင်နေတယ်ပေါ့ "

"မကြီးရာ သားမသေဘူးပဲကို "

"ဟဲ့မသေလည်း ဒါဏ်ရာတွေကိုကြည့်ဦးလေ ၊ နဂိုထဲက လူကယိုင်နဲ့နဲ့အခုမီးလောင်ရာတွေနင့်ကိုဘယ်သူကုပေးမှာလဲ? ငါ့မှာလည်းကလေးမွေးတော့မှာ အရင်လိုလူလွတ်မဟုတ်တော့ဘူးဟဲ့ ၊ သူများတကာကိုကြင်နာတတ်တာရဲ့ တစ်မှုန်လောက်ပဲကိုယ့်ကိုကိုယ်မေတ္တာထားပါဦး
ကျန့်ကျန့်ရယ် ... ဟင် အသက်ပဲနှစ်ဆယ်ကျော်နေပြီငါ့မှာပူရတုန်း "

ရှောင်းကျန့်ခေါင်းငုံ့ထားပြီးသာ အဆူခံနေလိုက်တယ် ။

"ဒါနဲ့မကြီး... ဟိုယုန်ဖြူစွတ်စွတ်လေးတစ်ကောင်မြင်မိသေးလား? "

"ရှောင်းကျန့်! အခုထိအဲ့စောက်ယုန်တွေမေးတုန်းလား... ဘာမှမရှိဘူးအကုန်လွှတ်ပစ်လိုက်ပြီ
အကောင်တွေထပ်မွေးရင်ငါ့ထပ်တွေ့ဖို့မတွေးနဲ့တော့ စောက်မျိုးတွေကအားတိုင်းပြောဆိုနေချင်ကြရတဲ့ထဲ "

Xiao Tu Tu and Leo Where stories live. Discover now