~65~

5.1K 976 60
                                    

အခန်း (၆၅) - ထုထုတို့မင်္ဂလာဆောင်မယ် ။

Alpha တို့နန်းတော်ထဲပျာယာခတ်နေကြပါတယ် ။ Alpha က ယုန်ထွက်လည်မှာကြောက်လို့အဆောင်ရဲ့ပင်မတံခါးတွေပိတ်ခဲ့တယ် ။ နဂါးမီးတောက်တွေလည်းသိမ်းယူပစ်လိုက်တယ် ။

သည်နေ့နေ့ထူးနေ့မြတ်မဟုတ်ပါဘဲ လောက
စောင့်ရှောက်သူက ဆင်းသက်လာတာမို့သူတို့တွေဒီလိုဖြစ်နေရတာပါပဲ ။ လူအကုန်လုံးကဝတ်စုံဖြူတွေလဲလှယ်ပြီးစောင့်ရှောက်သူကိုကြိုဆိုလိုက်ကြတယ် ။

"အုပ်ချုပ်သူ "

"အရှင့်ကိုဘယ်လိုအကြောင်းအရာမျိုးကများဒီနေရာအထိပင့်ဆောင်ခဲ့ပါသလဲ "

"အုပ်ချုပ်သူကို သန္ဓေတည်တုန်းကလိုပဲပေါ့... အုပ်ချုပ်သူရဲ့ရင်သွေးလေးလွယ်ထားရတဲ့ ကြင်ယာတော်ကိုတွေ့ဖို့လာခဲ့တာပါ "

"ကျွန်တော်တို့ထိမ်းမြှားမင်္ဂလာ... "

"အုပ်ချုပ်သူရဲ့နှလုံးဝိဥာဥ်တစ်ခုလုံးကအခမ်းအနားတွေထက်သက်သေတည်ပါတယ် "

Alpha က ပြုံးသွားပြီး Sean ရှိရာအဆောင်ဆီ စောင့်ရှောက်သူကိုဦးဆောင်လမ်းပြခဲ့တယ် ။ စောင့်ရှောက်သူဆီက ဒီလိုအသိအမှတ်ပြုခံရတော့သူပီတိဖြစ်နေမိတယ် ။

ထုထုကပျင်းရိနေတာကြောင့်တိုင်ကိုမှီပြီးကိုယ်ဝန်ဆောင်နဲ့ပက်သတ်တဲ့စာအုပ်ဖတ်နေခဲ့တယ် ။ ဗဟုသုတစာပေမဟုတ်ဘဲ ကိုယ်ဝန်ဆောင်ဇာတ်ကောင်ပါတဲ့အချစ်ဝတ္ထုလေးပေါ့ ။

သခင့်ကိုထုထုချွဲမလို့ ။

"Sean "

အေ့။ သခင်ပြန်လာပြီ ။ ထုထုပြေးသွားပြီး
သခင့်အနားခုန်ဆွဆွလေးလှည့်ပတ်လိုက်တယ် ။ လက်ထိပ်လေးနှစ်ဖက်ပူးကပ်ပြီးချစ်ဖို့ကောင်းအောင်လုပ်ပြနေတာကြောင့် Alpha က အသာပွေ့ချီလိုက်ပါတယ် ။ ထိုအခါမှ ပါလာတဲ့အရှင့်ကို ထုထုမြင်သွားပြီးအရှေ့လေးကိုကုန်းကြည့်တယ် ။

ဘယ်သူလဲ ။

"Sean အရိုအသေပြုလိုက် ဒါကစောင့်ရှောက်သူပဲ "

ထုထုသိတယ် ။ ထုထုသိတယ် ။ ထုထုစာဖတ်ထားတယ် ။

"အရှင့်ဆီလာခဲ့ပါဦး "

Xiao Tu Tu and Leo Where stories live. Discover now