~5~

8.8K 1.4K 76
                                    

အခန်း (၅) - ထုထုလည်လည်သွားတယ် သခင်လည်းပါတယ် ။

ထုထုသုံးကြိမ်မြောက်အစာစားပြီးတော့ သခင့်မျက်ကွယ်ရာကိုချောင်းနေတယ်။ထုထုဗိုက်နာလို့ပါဆိုသခင်ကလည်းမျက်တောင်မခတ်ကြည့်နေတော့တာပဲ ။ ထုထုဘယ်လိုဖြေရှင်းရမှာလဲ ။

ထုထုအောင့်ထားပေမဲ့မရတော့ဘူး သခင့်ကွယ်ရာလေးအမြန်သွားပြီး အကုန်ထုတ်လိုက်တယ် ။ဟောဗျာဗျာ... ပုန်းနေပါတယ်ဆိုဗျာ...လိုက်ငုံ့
ကြည့်ရလားဗျာ ။ ထုထုရှက်ပြီး ငြိမ်ငြိမ်လေးပဲနေတော့တယ် ။သခင်ကထုထုစွန့်ထားတာတွေကိုရှင်းလင်းပြီးထုထုရဲ့ ခရေပွင့်သေးသေးလေးကိုအဝတ်စနဲ့သန့်စင်ပေးတယ် ။

သခင်က တတိယအကြိမ်အဝတ်လဲပြန်ပြီ ။
ထုထု တစ်ခုခုကိုတော့မျှော်လင့်မနေတော့ပါဘူး။
သခင်ကသူ့မျှော်လင့်ချက်တွေကိုမဖြည့်ဆည်းပေးဘူး ။ ဒါပေမဲ့တာဝန်ဝတ္တရားနဲ့အညီ အိပ်ယာပေါ် ခြေကားယားလက်ကားယားပက်လက်အိပ်ရင်း သခင်အဝတ်လဲတာကြည့်နေလိုက်တယ် ။ သခင်ကသူမမျှော်လင့်ထားကာမှ အကုန်ချွတ်ချလိုက်တယ်။ နဂါးအရှည်ကြီးကိုသူမြင်လိုက်ရပြီ ။ နဂါးကနှစ်ကောင်တောင်ဖြစ်နေသလိုပဲ ။ နောက်နဂါးတစ်ကောင်ကထုထုအရမ်းမုန်းတဲ့ခရမ်းသီးနဲ့တူတယ် ။ အွီး... ထုထုအဲ့အသီးအရမ်းမုန်းတယ် ။ ထုထုစားလို့လည်းမရဘူးအရမ်းကြီးတယ်။

သခင်က အဝတ်ထူတွေအစားပေါ့ပါးတဲ့ဘောင်းဘီတစ်ထည်သာဝတ်ပြီးအိပ်ယာပေါ်တက်လာခဲ့ပါတယ်။ ထုထုအလိုက်တသိနဲ့ကျောလေးရွေ့ပြီးသခင့်အတွက်နေရာဖယ်ပေးလိုက်တယ်။ သခင်ကလှဲမအိပ်သေးတာကြောင့်ခေါင်းအုံးကိုတောင်နှစ်ချက်ပုတ်ပြရသေးတယ် ။ လာလာ..လာအိပ်လိုက်သခင် ။ ထုထုချော့သိပ်မယ်။

"ယုန်လည်လေး ဒီမှာအတူအိပ်မလို့လား "

သခင်ကထုထုဘာသာဟန်ကျကျအိပ်နေတာကိုကောက်ချီပြီးရင်ဘတ်ပေါ်ပွေ့တင်လိုက်တယ် ။သခင်က အဝတ်မပါတော့ ထုထုအတွက်တစ်မျိုးကြီးဖြစ်နေတယ်။သခင့်ကိုယ်ငွေ့ကနွေးစေတဲ့အပြင်သွေးခုန်နှုန်းတွေနှလုံးခုန်သံတွေထုထုကြားနေရတာပေါ့ ။ သခင့်ကိုယ်ပေါ်မှာအထစ်ထစ်နဲ့ ချိုင့်တွေရှိတယ်။ လူတွေအိတ်ခြောက်ထုပ်လို့ခေါ်တယ်ဆိုလား... သခင့်မှာရှစ်ထုပ်တောင်ရှိမလားမသိဘူး ။ ထုထုလက်လေးနှစ်ဖက်နဲ့ ထိုအထစ်တွေကိုရေတွက်လိုက်တယ် ။

Xiao Tu Tu and Leo Where stories live. Discover now