~19~

7.7K 1.3K 188
                                    

အခန်း(၁၉) - ထုထုကအထီးလေး ။

တစ်နေ့တာကုန်ဆုံးသွားပြန်တော့ Alpha က အိပ်ချင်နေပြီ ။ အလုပ်တွေသိပ်များနေခဲ့တာမလား ။ ဒါပေမဲ့သူမအိပ်နိုင်သေးဘူး ။ သူ့ထက်ပိုပင်ပန်းနေပုံရတဲ့ သူ့ယုန်ကိုသန့်ရှင်းရေးလုပ်ပေးဖို့ အင်္ကျီလက်ကို တံတောင်ဆစ်နားထိဆွဲတင်လိုက်တယ် ။

ဘေစင်ဘောင်ပေါ်တင်ပြီး သွားတိုက်ပေးတော့ သူ့ယုန်ကဘေစင်ထဲကရေကိုမမှီမကမ်းနဲ့လှမ်းဆော့တယ် ။

"ဟိတ်...ရေမဆော့ရဘူး "

သူ့ယုန်က ဝေ့လည်လည်ကြည့်ပြီးဘေစင်ပေါ်က တွေ့သမျှလျှောက်ဆော့တယ် ။ လက်ပုတိုလေးထိသမျှလဲကျကုန်ပါတယ် ။ ယုန်ကိစ္စပြီးသွားတဲ့အခါ Alpha ကမျက်နှာသစ်လိုက်တယ် ။ သူ့ယုန်ကသွားပွတ်တံကိုဖက်လို့ ထိုင်နေရင်းအကြည့်ချင်းဆုံတော့ရယ်ပြတယ် ။ ယုန်ရယ်ရင်သိပ်ရယ်စရာကောင်းတယ် ။ သွားလေးပြူးထွက်တာလေ ။

Alpha ကရေခြောက်အောင်သုတ်ပြီးနောက်အဝတ်တွေချွတ်ပြီးမွေ့ယာပေါ်လှဲလိုက်တယ် ။ သူ့တက်တူးတွေကို လက်နဲ့ပုတ်ဆော့နေတဲ့ယုန်အိပ်ငိုက်လာတဲ့အထိသူစောင့်ပေးနေတယ် ။ ယုန်က သူ့ကိုပွတ်သပ်လို့ဝတဲ့အခါ အပျင်းကြောစ
ဆန့်တယ် ။

"ဝမ်အန်း Sean "

သူ့ယုန်စိတ်ထဲကနေ သူ့ကိုပြန်နှုတ်ဆက်နေမယ်ဆိုတာသူသိပါတယ် ။ သခင်လည်းကောင်းသောညပါလို့ဖြစ်နိုင်ကောင်းပါရဲ့ ။

ထုထုကတော့နှုတ်ခမ်းလေးတွန့်ပြီး မျက်လုံးကို မပိတ်အောင်လှန်ထားတယ်။ သခင် အိပ်ယာဝင်အနမ်းပေးရသေးဘူးလေ ။ သခင်ကအလိုက်မသိဘဲမျက်လုံးမှိတ်သွားတော့ ထုထုသခင့်မျက်နှာပေါ်ခုန်တက်ပြီး သခင့်မျက်ခွံတွေကိုလက်နဲ့ဆွဲလှန်တယ်။

"ဟင်? "

ထုထုခေါင်းကို သခင့်နှုတ်ခမ်းနားကပ်ပေးလိုက်တယ် ။

"ဆောရီး ကိုယ်မေ့သွားတယ် "

မေ့နဲ့ ။ သခင်က ထုထုကိုတစ်ချက်နမ်းတော့မှ ထုထုရယ်လိုက်ပြီးသခင့်ကိုယ်ပေါ်ကွေးကွေးလေးအိပ်ပျော်သွားပါတယ် ။ သခင့်နှလုံးခုန်သံကလေ ထုထု ထုထုနဲ့ ။

Xiao Tu Tu and Leo Where stories live. Discover now