~90~

1.8K 360 13
                                    

"ဒီကမ္ဘာမှာတော့ စွမ်းရည်ချို့တဲ့လူမျိုးလို့သတ်မှတ်ထားနိုင်တာပေါ့ ၊ အခု ကျန်းမာရေးလေးတော့ကောင်းရှာပါတယ် "

"ထပ်ပြီးတောင်းပန်ပါရစေ "

"အချိန်ယန္တရားတွေရပ်တန့်တာကြာသွားလို့
မကောင်းဘူး ၊ မင်းပြန်သင့်ပြီ "

"သခင် "

"မင်း အမြဲတမ်းဒီအခေါ်အဝေါ်ကိုမုန်းတီးခဲ့တာမလား ၊ ကိုယ်တော်လည်းဒီဂုဏ်နဲ့မထိုက်တန်တော့တဲ့သာမန်လောကခြားလူတစ်ယောက်ဖြစ်နေပါပြီ "

လူတွေဘယ်လိုခွင့်လွှတ်ပါစေ ကမ္ဘာပျက်ကိန်းကိုတောင်မျက်လုံးစုံမှိတ်ပြီး ပြန်တွေ့နိုင်ပါ့မလား မရေရာတဲ့အချစ်နောက်လိုက်ဖို့ ထွက်ပြေးလာခဲ့တာမို့ ကောင်းချီးမင်္ဂလာအပြည့်နဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဘဝကပြီးဆုံးသွားခဲ့ပြီပင်။ ပျောက်ဆုံးမြို့တော်ကြီးထဲ နဂါးစွမ်းအင်ရှင်သန်နေဆဲဆိုတဲ့သတင်းကောင်းကြားတော့သူလည်းစိတ်ဖြောင့်ဖြောင့်ရှိရသည် ။

လရောင်ဟာထင်းထင်းလင်းလင်းရှိဆဲ ။ အိပ်မက်ဆိုးတွေဆက်တိုက်မက်နေပါသည်လို့
ရင်ဖွင့်ဖူးတဲ့ Sean ငယ်ကတော့ ဒီညတော့အိပ်မပျော်နိုင်ပုံရကာ သူတို့သားအဖအိမ်ပြန်ချိန်ကိုမျှော်နေသလို ဝရံတာမှာငေးမောနေရှာတယ် ။

အဝင်တံခါးအပေါ်ရှိမှန်ကာတွေထဲကနေတဆင့်အိမ်ထဲဝင်နေကျမို့ပိုက်လုံးကိုတွယ်တက်ဖို့ပြင်လိုက်ပေမဲ့ တံခါးမကြီးကခပ်တိုးတိုးပွင့်လာတယ် ။ Sean ငယ်က သစ်လွင်တဲ့ညအိပ်ဝတ်စုံလေးနဲ့ခါးထောက်ကြည့်နေရင်း သူ့ကိုအထဲခေါ်လေတယ် ။

"အမွှေးလုံးရော?  သူကဘယ်သူလဲ "

သူအဖြေပြန်မပေးနိုင်တာသိသည့်တိုင် ကောင်ငယ်လေးကမေးခွန်းများများမေးဆဲမို့ သားငယ်လေးလန့်မနိုးလာအောင် အသာပုတ်သိပ်ချော့မြှုလိုက်တယ် ။

"မင်း... မင်း... ထွက်သွားတာ မိန်းမရနေတာလား "

ငိုတော့မလို မျက်နှာလေးက အတော့်ကိုခံစားနေရဟန်ရှိပြီး မျက်ရည်မိုးကအချိန်မရွေးပြိုကျတော့မည်ပုံပါလေ ။ Alpha လည်းကပျာကယာနဲ့ ပုတိုတိုခြေလက်တွေအပြင်ခေါင်းပါခါရမ်းပြလိုက်တယ် ။ ကံကောင်းထောက်မစွာနဲ့ သားငယ်ကအထီးလေးဖြစ်ကြောင်းစူးစမ်းရင်းသိရှိသွားတဲ့ ကောင်ငယ်လေးကပြဿနာဆက်မရှာတော့ပေ ။

Xiao Tu Tu and Leo Where stories live. Discover now