~77~

3.1K 513 25
                                    

ဝတ်ရုံဖြူနဲ့ အုပ်ချုပ်သူအနား လရောင်ဝတ်ရုံကိုခြုံလွှမ်းထားတဲ့ အခြွေအရံတွေကဒူးတုပ်ရင်းငိုကြွေးနေခဲ့ကြတယ် ။ ပန်းတွေနဲ့အလှဆုံးဆင်ယင်ထားတဲ့ခေါင်းတလားငယ်လေးနှစ်လုံးဟာသေးကွေးလွန်းတာကြောင့် ကြည့်မိတဲ့သူတိုင်းရင်ထဲမချိလောက်အောင်နာကျင်စေပါရဲ့လေ ။

Alpha က အသက်မရှိတဲ့ စက္ကူတစ်ရုပ်လိုလျှောက်နေရင်းရဲ့ ခေါင်းတလားလေးနှစ်လုံးကိုပွေ့ဖက်ထားတယ် ။ နဂါးမီးတောက်တွေဟာလည်းမှိန်လျော့လွန်းလို့ လောကဟာနေ့အချိန်မှာပင်အမှောင်ဖုံးလုနီးပါး ။

ခါးမတ် ခေါင်းမော့လို့ အိန္ဒြေကိုမည်သူကများဆည်နိုင်ပါဦးမလဲ ။ ကလေးတွေကအလုံးစုံနားမလည်ကြပေမဲ့ ငိုကြွေးနေတဲ့လူတွေကိုကြည့်ပြီး လိုက်ပါငိုယိုနေကြလျက် ။

ရဲရဲနီနေတဲ့မျက်ဝန်းတွေကအသက်မဲ့စွာ ။ ခေါင်းတလားကိုဖွင့်လိုက်ပြီး ငြိမ်းငြိမ်းချမ်းချမ်းရှိနေတဲ့ချစ်ရသူကိုရင်ခွင်ထဲ ပြန်ဆွဲထည့်လိုက်တယ် ။

"ကိုယ်​သေသွားတော့မယ် Sean ရဲ့ ကိုယ်သေရလိမ့်မယ် "

Alpha ရဲ့လက်ချောင်းလေးက ပူလောင်သွားတာကြောင့်ငုံ့ကြည့်တော့ အနီရောင်ကြိုးမျှင်လေးဟာတဝေ့ဝေ့ ။ အဝေးမှာပုံရိပ်ယောင်လို့ထင်မှတ်စရာ သူ့ချစ်ရသူနဲ့သားဟာဦးတည်ရာတစ်ခုဆီဝဲလွင့်နေတယ် ။

အရှင့်စကားတွေကိုသူနားထဲပြန်လည်ကြားလာခဲ့တယ် ။ ငိုကြွေးနေတဲ့ပြည်သူတွေ နဲ့မိသားစုကိုသူဝေ့ကြည့်လိုက်ပြီး ရပ်တန့်သွားပြီထင်ခဲ့တဲ့နှလုံးသားဟာတဒုန်းဒုန်း ။ အရှင်ကပြုံးပြပြီး စကားမဆို ။

"အရှင်"

"အုပ်ချုပ်သူလည်း အများကြီးတာဝန်ကျေခဲ့တာပါပဲ ၊ အုပ်ချုပ်သူဆုံးဖြတ်သလိုအရှင်တို့လေးစားပေးမှာပါ "

Alpha ခေါင်းငုံ့လိုက်ပြီးငိုကြွေးနေဆဲကလေးတွေကို ခပ်တင်းတင်းပွေ့ဖက်ပြီးနမ်းလိုက်တယ် ။ ကြိုးနီလေးရဲ့ဦးတည်ရာက လောကစည်းတိမ်ပင်လယ် ။ ထိုနေရာမှထွက်ခွာသည်နဲ့သူတို့ကိုယ်ဟာအမှုန်အစတွေအဖြစ်ပျောက်ကွယ်ရပြီး
သည်လောကမှ အကြီးမြတ်ဆုံးအုပ်ချုပ်သူ Alpha တစ်ယောက်ရဲ့ဘဝလည်းနိဂုံးချုပ်သွားရမည်သာ ။

Xiao Tu Tu and Leo Where stories live. Discover now