~86~

3.5K 450 15
                                    

နောက်တစ်ရက်နေဖင်ထိုးတဲ့အချိန်လောက်မှာရှောင်းကျန့်နိုးလာခဲ့တယ် ။ နာရီကိုကြည့်တော့နှစ်နာရီ ၊ နေရောင်တောက်နေတာတောင် မနက်နှစ်နာရီများလားဆိုပြီးယောင်ယမ်းကြည့်မိတုန်း။

ရှောင်းကျန့်အကြောဆန့်ပြီးတာနဲ့ မှန်ရှေ့မှာရပ်လိုက်တယ် ။ ရေချိုးရတာကြိုက်ပေမဲ့ရေမချိုးခင်ရေချိုးဖို့ငိုင်တွေနေတတ်တဲ့အကျင့်အတိုင်း ရှောင်းကျန့်ခြေထောက်တွေက အစ်မဖြစ်သူလာထည့်ပေးသွားပုံရတဲ့မှန်လှလှလေးရှေ့မှာရပ်တန့်သွားတယ် ။

မှန်ကြည့်နေရရင်ကိုတအားစိတ်ချမ်းသာတယ်လေ ။ ရှုပ်ပွနေတဲ့ဆံပင်တွေကိုပုံစံမျိုးစုံထိုးဖွပြင်ကြည့်ပြီးနောက် ခေါင်းစည်းကွင်းသေးသေးလေးနဲ့ အုန်းပင်လေးတစ်ပင်ကိုခေါင်းပေါ်ထောင်ထားလိုက်တယ် ။ ဆံမြိတ်တွေက တအားချစ်ဖို့ကောင်းတာကြောင့်ရှောင်းကျန့်အမြဲထားခဲ့ချင်ပေမဲ့ မမကဆံပင်ကိုတိုတိုကပ်ကပ်ပဲညှပ်ပေးတတ်တယ် ။ ဆေးရုံကဆင်းပြီးနောက်ပိုင်းမမကအလုပ်ရှုပ်နေတာကြောင့် သူ့ဆံပင်ကိုအာရုံမရခဲ့ပေ ။ အခုဒါကတော်တော်လေးရှည်နေပြီ ။ နောက်နှစ်လလောက်သာ မမဆက်မေ့နေရင်ရှောင်းကျန့်ဆံမြိတ်လေးရပါပြီ ။

ရှောင်းကျန့်မှန်ရှေ့မှာနာရီဝက်လောက်ဝအောင်နေပြီးမှ ရေချိုးခန်းထဲဝင်လိုက်တယ် ။ ဝင်ဝင်ချင်းမှာပင်ရေစိမ်ကန်ထဲ ရေငုပ်ကာအိပ်နေတဲ့ယုန်​ကြောင့်ရှောင်းကျန့်သေမတတ်လန့်သွားတယ် ။ ရေစိမ်ကန်ကကြီးလွန်းတယ်မဟုတ်ပေမဲ့ယုန်အတွက်တော့တစ်ကိုယ်လုံးကောင်းကောင်းမြုပ်တယ် ။ ရှောင်းကျန့်ယုန်ကိုကန်ထဲကနေ
အလန့်တကြားဆွဲထုတ်လိုက်ပြီး တတ်မှတ်သလောက်သူနာပြုနည်းတွေနဲ့ကယ်တင်ဖို့ပြင်ဆင်လိုက်တယ် ။  ယုန်က သူဆွဲမလိုက်တာနဲ့မျက်လုံးအသာဖွင့်ကြည့်လာပြီးသက်ပြင်းချကာ လမ်းလျှောက်ထွက်သွားတော့တယ် ။

ရှောင်းကျန့်လည်းညကဖြစ်ခဲ့တာတွေသတိရလာကြောင့်ပူပူထူထူနဲ့ရေစိမ်ကန်ထဲဝင်စိမ်လိုက်တယ် ။ သူအဲ့ဒါကိုအခုထိအဖြေရှာမရသေးဘူး ။

အခန်းပြင်ဘက်မှာတော့ယုန်ကတစ်ကိုယ်လုံးတုန်ယင်လာတဲ့အထိ တစ်ခုခုကိုအာရုံပြုနေတယ် ။ နောက်ဆုံးမှာတော့မဆိုစလောက်အလင်းပျောက်လေးတွေထွက်ပေါ်လာပြီးချက်ချင်းပင်ငြိမ်းကျသွားတယ် ။ ယုန်ရဲ့ခန္ဓာကိုယ်ကလည်းအရုပ်ကြိုးပြတ်သလိုဘုတ်ခနဲလဲကျသွားတယ် ။ အလုံးလေးက ပန်းအိုးပေါ်ဆော့နေရာကနေ
အမြန်ပြေးလာပြီးသူ့ဒယ်ဒီယုန်နိုးထလာအောင်ကြိုးစားနေလေရဲ့ ။

Xiao Tu Tu and Leo Where stories live. Discover now