~81~

3.4K 417 11
                                    

အိပ်ပျော်နေတဲ့ကောင်ငယ်လေးကို ပြုံးကြည့်နေတဲ့ယုန်လေးက ညင်ညင်သာသာပဲအိပ်ယာပေါ်ကထလိုက်တယ် ။ အကျင့်စရိုက်လေးတွေမတူတော့ဘူးထင်ခဲ့ပေမဲ့ သူ့ရဲ့အချစ်ခံချင်လွန်းတဲ့
ပဲတုံးအလည်လေးကမပြောင်းလဲသေးဘူး ။

ယုန်က ပလုပ်ကျင်းပြီးမျက်လုံးတွေကိုသန့်ရှင်းလိုက်တယ် ။ ကမ္ဘာမြေပေါ်ကရေတွေမှာထူးခြားတဲ့စွမ်းအင်ဓာတ်အသစ်ရှိပေမဲ့ ပျောက်ဆုံးမြို့တော်လောကကြီးထဲရေတွေလို နဂါးမီးတောက်အခြေတည်တဲ့စွမ်းအင်စုမရှိတာ
ကြောင့် သူ့မှာအတော်လေးသစ်ယူလိုက်ရတယ် ။
ကလေးတွေနဲ့ မိသားစုကိုလွမ်းပေမဲ့နောင်တမရှိတဲ့လမ်းကိုသူလာခဲ့ပြီးပြီ ။ အုပ်ချုပ်သူ Alpha ဆိုတာ အခုချိန်မှာပြန်သန္ဓေမတည်နိုင်တော့တဲ့ အမှုန်အမွှားတွေဖြစ်သွားခဲ့ပြီ ။ သူ့အတွက်အနာဂါတ်က Sean ပဲ ။ ယုန်ဖြူက သန့်စင်ပြီးတာနဲ့ သားဖြစ်သူကိုကြည့်ရှုပြီး စိတ်ချရမှသာတရားထိုင်လိုက်တော့တယ် ။ သားကနှစ်ကမ္ဘာလုံးနဲ့ ဆက်နွယ်နေသူမို့ အရာရာမှတ်မိနေတာပဲသူခံသာသေးတော့သည် ။ ဒီကိုသူရောက်လာတော့ သူတို့ပူးကပ်နိုင်တဲ့အရိုးစုတွေထဲသူတို့ဝင်ခဲ့ကြတယ် ။ သားကတော့ဝိဥာဥ်အားသေးငယ်လွန်းတာကြောင့် ပုံပျက်သွားပေမဲ့ကျန်းမာရှာပါရဲ့ ။

ရှောင်းကျန့်နိုးလာတော့ ငုတ်တုတ်လေးအိပ်နေတဲ့ယုန်ကိုတွေ့လိုက်ရတယ် ။ ရှောင်းကျန့်မနက်ခင်းလေးကလှငွားပြီး ငုတ်တုတ်လေးအိပ်နေတဲ့ ယုန်ကိုလှဲချပြီးဗိုက်တွေပွတ်သပ်ကာခြောက်လှန့်လိုက်တယ် ။ မျက်ဝန်းစိမ်းတွေကဆတ်ခနဲပွင့်လာပြီးယုန်ကမပျော်မရွှင်ဖြစ်သွားတဲ့ပုံ ။ သို့ပေမဲ့ခဏတာလေးပါပဲ ။ ယုန်ကပွသွားတဲ့အမွှေး
​တွေကိုပြန်ခါပြီး ရှောင်းကျန့်နဖူးစမ်းလိုက် ဒါဏ်ရာကြည့်လိုက်လုပ်ပေးနေတယ် ။ ထို့နောက်ရေချိုးခန်းထဲဝင်သွားပြီး မျက်နှာသစ်ဖို့အသင့်ပြင်ပေးတယ် ။

ယုန်ရဲ့လက်ကလေးတွေဖွဲ့စည်းပုံအရ
ယုန်ဘယ်လောက်လည်လည်လုပ်ဆောင်နိုင်စွမ်း
အကန့်အသတ်ရှိပေမဲ့ ဒီယုန်ကတော့ပြဿနာမရှိဘဲဆောင်ရွက်သွားတယ် ။

ရှောင်းကျန့်စိတ်တွေကလေပေါ်ဝဲနေပြီ ။ မျက်နှာသစ်ပြီးတော့ဘေးမှာမျက်နှာသုတ်ပဝါနဲအသင့်ဆောင့်နေတာလေ အဲ့ယုန်ပေါ့ ။ အိပ်ယာကိုလည်းသိမ်းပြီးသား ။

Xiao Tu Tu and Leo Where stories live. Discover now