~100~

2.6K 381 16
                                    

အခန်း (၁၀၀)  : နဂါးလှေပွဲတော် လုံးလုံးလေးလည်းပျော် ။

အချိန်တွေက အိပဲ့အိပဲ့ကုန်လာခဲ့တာ ကလေးသားလေးပင် သုံးလပြည့်ခဲ့ပြီ ။

* ပွဲတော်ရက်တွေမှာ သူတို့အပန်းဖြေခရီးထွက်ဖို့စီစဥ်လိုက်ကြတယ် ။ အဓိကကတော့
ရှောင်းကျန့်ရဲ့မွေးနေ့လေးရှိနေတယ်လေ ။
မမက ဒီနှစ်မှာတော့ ရှောင်းကျန့်မွေးနေ့လေးကိုအထူးတလည်ကျင်းပပေးချင်ခဲ့တယ် ။

ရှောင်းကျန့်ကတော့ ခရီးဆောင်အိတ်တွေကိုပျော်ပျော်ကြီးထုပ်ပိုးနေတာပဲ ။ သူ့ခေါင်းပေါ်မှာလည်း အညိုလုံးဘယ်ကခူးလို့ခူးလာမှန်းမသိတဲ့ပန်းတစ်ပွင့်နဲ့ယုန်မွှေးလေးတွေကပ်နေသေးတယ် ။

ယုန်က သူ့အဖိုးတန်လေး ဖွထားခဲ့သမျှလိုက်ရှင်းရင်း ပွင့်လျက်သားရှိနေတဲ့ဖုန်းလေးဆီကို
အကြည့်ရောက်သွားရပါတယ် ။

- abnjwnj abcdefgg hogdofkcu radngilfkcuem -

ယုန်က လွမ်းဆွတ်ကြည်နူးရမည်လား ရယ်ရမည်လားမသေချာစွာနဲ့ ဖုန်းကိုပိတ်လိုက်တော့တယ် ။
ဒါကသူ့အဖိုးတန်လေးပဲဆော့ထားသလား ၊ သားငယ်ပဲခိုးရိုက်ထားတာလား သူမသိလိုက်ပါ ။

ယုန်က သူ့အဖိုးတန်ကြင်ယာတော် Sean အတွက် လက်ဆောင်အ​ဖြစ် ပြင်ဆင်ပေးနိုင်တာများများစားစားမရှိဘူး ။ အရင်တုန်းကလိုဆိုရင်တော့ လိုချင်ရာပုံပေးလို့ အလိုလိုက်မိမှာပဲဖစ်တယ် ။ လက်ရှိမှာတော့သူက အိမ်အလုပ်သေးသေးလေးတွေတောင်အတော်အားထုတ်ပြီးကူညီနေရတယ်။

Sean က ဖဲပြားကြိုးနီနီလေးနဲ့ သူ့ကိုယ်သူထုတ်ပိုးပြီး Alpha အတွက်ဂုဏ်ပြုလက်ဆောင်ပေးခဲ့ဖူးတယ် ။ Alpha အတွက်တော့ ဒါမျိုးလေးတွေမလုပ်နိုင်ဘူး ။ သူကတစ်ပွေ့စာယုန်ခန္ဓာကိုယ်ထဲမှာဆိုရင်တောင်ဒါမျိုးကိုတကယ်မလုပ်ရဲသေးဘူး ။

ခရီစထွက်မဲ့နေ့မှာ ရှောင်းကျန့်ကလူကြီးဆန်ဆန်လေးပြင်ဆင်ထားတယ် ။ သူက
အနောက်တိုင်းဝတ်စုံပြည့်ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်းဂျယ်နဲ့ပုံသွင်းထားတယ် ။ ယောကျာ်းဆန်တဲ့ရေမွှေးနံ့ကခပ်သင်းသင်းပျံ့လို့ သွယ်လျတဲ့ခြေတံရှည်တွေရဲ့ ယစ်မူးဖွယ်အင်အားကိုပိုတိုးနေစေသလိုပါပဲ ။

Xiao Tu Tu and Leo Where stories live. Discover now