~49~🚨

8.7K 1.1K 88
                                    

အခန်း (၄၉) - ထုထုမျက်ရည် ။

အိပ်ယာပေါ်မှာချည်းအလုပ်ရှုပ်နေတဲ့နှစ်ယောက်က ယခုတလော နေ့စဥ်အလုပ်တွေကိုမေ့လျော့နေခဲ့တယ် ။ ထုထုငါးကြင်းလေး ​ဖန်အိုးအောက်ခြေလဲနေတော့ထုထု ငါးကန်လေးပိုက်ပြီး လူကြီးကြီးအခန်းထဲပြေးသွားလိုက်တယ် ။ လူကြီးကြီးက မာမီ့ကိုပေါင်ပေါ်တင်ထားရင်း နမ်းနေတယ် ။

"လူကြီးကြီး လူကြီးကြီး "

Alpha ရဲ့ဖခင်ကတုန်သွားတယ် ။

"ဘာဖြစ်တာလဲ ဘယ်သူလုပ်လို့လဲ "

"ထုထုငါးလေးကြည့်ပါဦးနော် ထုထုငါးလေးဘာဖြစ်နေလဲမသိဘူး "

"သေသွားတာလား ယောကျာ်း "

"မသေသေးဘူး "

ထုထုကယခုမှပင် ငုတ်တုတ်လေးထိုင်ချနိုင်ပြီးစိတ်အေးသွားတော့တယ် ။

"ခဏနေသေတော့မှာ ကြေးခွံတောင်ဟနေပြီ "

"အားးး လူကြီးကြီးကယ်ပေး "

"အော် မရတော့ဘူးလေ ယုန်ပေါက်ရဲ့ ၊ ထပ်မွေးချင်ရင် ဒယ်ဒီအိမ်ကနေငါးအများကြီးယူလာပေးမယ် ရေကန်လေးတူးပေးမယ် အဲ့တော့မှမွေးနော် "

"မရဘူး သူ့ကိုကယ်ပါဦး "

ထုထုက ငါးလေးကိုယူလိုက်ပြီး ခပ်ဖွဖွပွတ်သပ်ပေးတယ် ။

"ထုထု လိမ္မာပါ့မယ် သေနဲ့နော် "

ထုထုက ဇွဲရှိရှိချော့နေရင်းပဲ ငါးကြင်းလေးက ထုထုလက်ပေါ်သေသွားခဲ့တယ် ။ လင်းမြွေကငါးကြိုက်ပေမဲ့ အတူနေလာတဲ့ရွှေငါးကြင်းလေးသေတာကိုတော့စိတ်မကောင်းပါဘူး ။ သူဘေးမှာအပုံလိုက်ခွေနေရင်းကြည့်နေခဲ့တယ် ။ သူကူညီစရာများရှိမလားလို့ ခြေထောက်နဲ့တင်ပါးတသားတည်းကျအောင်ပြေးလိုက်တာခဲ့တာ ။ အခုတော့သူ့သူငယ်ချင်းသိပ်ဝမ်းနည်းနေပြီ ။

*****

Alpha ပြန်ရောက်တဲ့အခါ ငါးကန်လေးကိုင်ထားရင်း တအင့်အင့် ရှိုက်နေတဲ့ကောင်လေးကိုတွေ့တယ် ။ အတော်ငိုထားရပုံရတဲ့ မျက်နှာလေးကဖောင်းအစ်အစ် ။ ငိုပြီးလို့ရှိုက်သံထွက်နေပြီဖြစ်နေတဲ့ ကောင်လေးကသူ့သခင်ကိုတွေ့တော့ အိခနဲမျက်ရည်ပြန်ဝိုင်းသွားတယ် ။ Alpha လက်ပေါ်ခေါက်တင်ထားတဲ့ ကုတ်အင်္ကျီကို ဆိုဖာပေါ်တင်ပြီး ကောင်လေးကိုဖက်ထားပေးလိုက်တယ် ။ ငါးကန်ထဲကသေနေတဲ့ငါးကြောင့်အကြောင်းအရင်းကိုတော့သူသိလိုက်ရပြီ ။

Xiao Tu Tu and Leo Where stories live. Discover now