~37~

7.4K 1.1K 98
                                    

အခန်း (၃၇) - စိတ်ထိန်းပါဦးထုထု ။

ယုန်ကအိပ်ပျော်နေပါတယ် ။ Alpha က သူ့ရင်ဘတ်မှာခံထားတဲ့စည်းတွေကိုဖျက်ပြီး
ထလိုက်တယ် ။ လူသားဘဝနဲ့ Sean က သူ့ကိုဒုက္ခလှလှနဲ့မျက်နှာသစ်ရအောင်ဖန်တီးလွန်းတာမို့မအိပ်ခင်သူ့နဂါးမီးတောက်စွမ်းအင်တွေကို ချိတ်ပိတ်ထားခဲ့တာတကယ်ပဲအလုပ်ဖြစ်တယ် ။

သူမနက်စာပြင်ဆင်ပြီးတဲ့အထိ ယုန်ကမထသေး ။လက်လေးနှစ်ဖက်ကိုခေါင်းအောက်ခုရင်းပြုံးပြုံးကြီးလုပ်နေပုံအရ အိပ်မက်ကောင်းနေတယ်ထင်ပါ့။ အချိုတွေအစားများနေတဲ့ယုန်ကိုသူအချိုဖြတ်ထားခဲ့ပေမဲ့သည်နေ့တော့ယုန်ကြိုက်တဲ့ ငှက်ပျောချိုသီးခပ်ထွားထွားကျွေးဖို့စီစဥ်ထားတယ် ။ တရှုံ့ရှုံ့လုပ်နေတဲ့ ယုန်နှာခေါင်းအနားမှာငှက်ပျောသီးကိုအခွံနွှာလိုက်တယ် ။ ငှက်ပျောသီးနွှာတဲ့အသံကြားတာနဲ့ယုန်ကနားရွက်တွေအော်တိုထောင်လာတော့တာပဲ ။ Alpha က ငှက်ပျောသီးကိုအနည်းငယ်လှုပ်လိုက်တော့ Sean ကမျက်လုံးပေမှေးလေးပွင့်ရုံဖွင့်လာပြီး ဝိုးတဝါးကြည့်ရှာတယ် ။ ငှက်ပျောသီးရဲ့အနံ့၊ ပုံစံကအသိစိတ်ထဲ လင်းလင်းရှင်းရှင်းဝင်ရောက်သွားတဲ့အချိန်မှာတော့ ယုန်ကအရူးလေးလိုကုန်းထလာပြီးငှက်ပျောသီးကိုအပြေးဟပ်တယ် ။ ပါးစပ်နဲ့မဆန့်တဲ့ငှက်ပျောသီးကို မရမကဖင်ထောင်စားတယ် ။ဂျွမ်းပြန်စားတယ် ။

"ဟိုး... မျက်နှာလည်းမသစ်ဘူးကွာ "

ယုန်ကသူ့ကိုအရေးမလုပ်နိုင်အောင်ကိုငှက်ပျောသီးကို အပြည့်အကျပ်ပါးစပ်ထဲသွင်းနေတော့တာပဲ ။ အားရကျေနပ်တဲ့ဂူးဂူးဂဲဂဲအသံတွေနဲ့ ပွင့်ပွင့်လင်းလင်းစားနေတဲ့ယုန်က ငှက်ပျောသီးတစ်လုံးလုံးကုန်သွားတောင်အခွံကိုလိုက်လျက်နေသေးတယ် ။

မျက်နှာမှာငှက်ပျောသီးအနှစ်တွေကပ်နေတော့ Alpha ကပွေ့ချီသွားပြီးမျက်နှာသစ်ပေးလိုက်တယ် ။

ထုထုသွားတိုက်ချင်ဘူး ။ ငှက်ပျောသီးအရသာပျောက်သွားမှာပေါ့ ။

****

ဖုန်းအရမ်းဆော့တဲ့ယုန်အတွက် Alpha က အလင်းပြန်ကာကွယ်ပေးတဲ့မျက်မှန်အဝိုင်းလေးဝယ်ပေးဖို့ နန်းတော်အပြင်ထွက်လာခဲ့တယ် ။ စျေးဝယ်ရင်ရွေးချယ်စရာတွေရှိလာမှာမို့ Sean ကိုယုန်ပုံစံနဲ့သာခေါ်ထုတ်လာခဲ့ပါတယ် ။ ကားပေါ်မှာအရုပ်တစ်ပုံနဲ့ Sean ကတော့ဂျီကျခြင်းမရှိဘဲ အရုပ်ဆော့ရင်းလိုက်ပါလာခဲ့တယ် ။ ပွိုင့်မိသွားတဲ့အခါ Alpha က အများနည်းတူစည်းကမ်းတကျကားရပ်ထားလိုက်တယ် ။ နန်းတော်အမှတ်တံဆိပ်နဲ့ကားဆို စည်းကမ်းလိုက်နာစရာမလိုဘဲလွတ်လွတ်လပ်လပ်သွားလာနိုင်ပေမဲ့သူ့ယုန်ကိုအများကြီးပိုသိစေချင်တယ် ။

Xiao Tu Tu and Leo Where stories live. Discover now