~32~

7.1K 1.2K 165
                                    

အခန်း (၃၂) - အဆိပ်မှုတ်တဲ့မြွေ ။

Alpha က သူ့ယုန်ကိုအပြေးလိုက်ရှာရင်း အဆောင်မိုးပေါ်မှာကျောပြင်လုံးလေးကို မသဲကွဲစွာတွေ့လိုက်ရပါတော့တယ် ။ သူ့ယုန်က ပြည့်ဝိုင်းနေတဲ့လမင်းကြီးအလယ်မှာအမဲရိပ်လေးပမာ ။ Alpha က အဆောင်မိုးပေါ်တက်လာပြီးသူ့ယုန်ဘေးဝင်ထိုင်လိုက်တယ် ။ ယုန်ကတစ်ချက်လှည့်ကြည့်ပြီး လမင်းကြီးကိုပြန်ငေးတယ် ။

"အမြင့်မကြောက်တော့ဘူးလား Sean ရဲ့ "

ယုန်ကခေါင်းလေးအသာခါပြတယ် ။ ထုထုကြောက်တာက သခင် Omega တစ်ယောက်နဲ့ချစ်သွားမှာကိုပဲ ။ အဲ့ဒါဆိုရင်... သခင်ထုထုကိုမစွန့်ပစ်ရင်တောင် သခင့်ရင်ခွင်ထဲ Omega က ဝင်နေရာယူအိပ်စက်တော့မှာ ။ သူ့ခေါင်းကို
သခင့်ပခုံးပေါ်မှီတင်ထားလိမ့်မယ် ။ ထုထုမျက်ရည်တွေလိမ့်ခနဲကျလာတော့ လက်ပုတိုလေးနဲ့သုတ်လိုက်ရတယ် ။

"Sean ငိုနေတာလား ကိုယ့်ဆီလာပါဦး "

ထုထုမငိုချင်ပါဘူးသခင်ရဲ့ ။ ဒါပေမဲ့ထုထုရင်ဘတ်လေးထဲက ပုရွက်ဆိတ်အနီကောင်ကိုက်နေသလိုနာတယ် ။ ထုထုခေါင်းလေးငုံ့လို့နားရွက်တွေနဲ့ဖွက်ပြီးပိုငိုမိပါတယ် ။

Alpha ရဲ့သူ့ယုန်ကိုအလျင်အမြန်ကောက်ပွေ့ပြီးဖက်ထားလိုက်တယ် ။

"Sean ရယ် ၊ သူများတွေနဲ့ကလို့ဝမ်းနည်းနေတာလား... ဟင်?  သူတို့ကိုကိုယ်မချစ်ပါဘူး "

မချစ်တဲ့သူတွေနဲ့ကဖို့တောင်သခင်ကထုထုကိုထားခဲ့တာပဲ ။ မချစ်တဲ့သူတွေလောက်တောင်ထုထုကအရေးမပါဘူးပေါ့ ။ ပြီးတော့သခင့်ကိုယ်ပေါ်မှာ သခင့်အပိုင်မဟုတ်တဲ့ ရေမွှေးနံ့တွေရတယ် ။ ထုထုမကြိုက်ဘူး ။

ယုန်ကသူ့သခင်ကိုထုရိုက်ပြီးပြန်ခုန်ဆင်းသွားခဲ့တယ် ။ Alpha က ယုန်ထပ်စိတ်ဆိုးသွားမှာကြောက်လို့ မပွေ့ချီရဲတော့ပေ ။ လပြည့်ဝိုင်းကိုနောက်ခံထားရင်း ယုန်တစ်ကောင်နဲ့ အမျိုးသားတစ်ယောက်က ကပ်လျက်ထိုင်လို့တိတ်ဆိတ်နေခဲ့ကြပါတယ် ။

သူတို့ကဆန်မဖွတ်ခဲ့ကြ ။

****

ယုန်က မှန်ရှေ့ထိုင်ပြီးခပ်ရဲရဲအစ်နေတဲ့မျက်ဝန်းကိုပွတ်သပ်လိုက်တယ် ။ Alpha က သူ့ယုန်ကိုမချော့တတ်တော့တဲ့အားလျော်စွာ သူ့ယုန်အကြိုက် ကိုယ်လုံးတီးချွတ်ချလိုက်တယ် ။ တစ်ချိန်လုံးကွေးကျနေခဲ့တဲ့ယုန်နားရွက်လေးက ပြန်ထောင်လာတော့ သူကျေနပ်သွားတယ် ။

Xiao Tu Tu and Leo Where stories live. Discover now