~62~

5.1K 986 87
                                    

ရှောင်ထုထု ၊ သခင် ဆိုတဲ့အသုံးအနှုံးကိုအရင်ရေးခဲ့တဲ့ညီမလေးက အပြစ်မမြင်ဘဲရပါတယ်တဲ့ ^^  ။ ယုံကြည်နားလည်ပေးတဲ့ ညီမလေး Edaz ကိုကျေးဇူးအများတင်ပါတယ်လို့ 💚❤ ။
ကူးခဲ့တာမဟုတ်ပေမဲ့လည်းအထင်လွဲစရာကောင်းလောက်အောင်တူနေခဲ့တော့ ယုံကြည်ပါ့မလားပူနေခဲ့တာ ။ ကိုယ်ဆိုလည်းယုံဖို့ခက်မယ်လေ ။ အခုတော့အကုန်လုံးကိုကျေးဇူးတင်ပါဒဲးးး ။ ညီမလေး Edaz ကိုတော့ လှိုက်လှိုက်လှဲလှဲကို လေးစားကျေးဇူးတင်ရပါတယ် ။

အခန်း (၆၂) - ထုထုအားဆေးတွေလိုတယ် ။

လမ်းလျှောက်ဖို့ခက်ခဲနေတဲ့ Ice က မိန်းကလေးပုံစံပြောင်းလိုက်ပြီးထုထုပူဆာနေတဲ့ဆေးဆိုင်ထဲဝင်လာခဲ့တယ် ။ ကိုယ်ဝန်ဆောင်အားဆေးတွေကိုလက်နဲ့တဘုတ်ဘုတ်ပုတ်ရင်း ထုထုကအကုန်လုံးလိုချင်နေတာပါ ။

"ဒါကယုန်အရိုင်းလား "

"အုပ်ချုပ်သူရဲ့တစ်ဦးတည်းသောယုန်ကလေးလေ "

"အို Sean ကလေးပေါ့ ၊ အခုမှပဲအရှင်လတ်လတ်မြင်ဖူးတော့တယ် "

ဟ ။ ထုထုအရင်သေနေယို့ယား ။ ထုထုလျှာထုတ်ပြီးအသေကောင်လေးလိုလှဲချလိုက်တယ် ။

"ဟဲ့ ကယ်ကြပါဦး "

"ဟန်ဆောင်မနေဘဲထတော့.... သခင်လိုက်ရှာနေလောက်ပြီ "

သခင်ဆိုတဲ့အသံကြားတာနဲ့ ထလာတဲ့ယုန်ကကိုယ်ဝန်ဆောင်အားဆေးတွေကို ဆက်ရွေးနေတယ် ။ Ice ခေါင်းကိုက်လိုက်တာ ။ ဆိုင်ရှင်ရှိနေတော့သူပြောလို့လည်းမရ ။ ကိုယ်ဝန်စစ်တံတွေပါဆွဲချလာတော့ ယုန်မှီတဲ့နေရာမှထားတဲ့ဆိုင်ရှင်ကိုပါမကြည်ချင်တော့ ။သူ့ပိုက်ဆံတွေအတော်ကုန်သွားမှယုန်က ပြန်လိုက်လာတယ် ။

"မင်း "

"အွိအွိ... ဘူး "

"မင်းဒါတွေဘာလုပ်တာလဲ "

ယုန်က ဗိုက်ကိုပွတ်ပြရင်း ပေကပ်ကပ်ကြည့်နေတယ် ။

"မင်းမှာသားအိမ်မပါဘူး မင်းကအထီး Omega မဟုတ်တဲ့အထီး ၊ ဒါကသားအိမ်ပါပြီးအားနည်းတဲ့ Omega တွေအတွက်ပဲလိုအပ်တာ မင်းလိုမျောက်ရှုံးက မလိုအပ်ဘူး "

ယုန်ကလက်ချောင်းငေါက်ငေါက်ပြန်ထိုးလာပြီး တစ်ဖက်ကခါးထောက်လို့ သွားနှစ်ချောင်းပြူးအောင်အော်ပါတော့တယ် ။

Xiao Tu Tu and Leo Where stories live. Discover now