~76~

3K 489 57
                                    

အခန်း (၇၆) - ထုထုကိုအချစ်ဆုံးပဲလို့ပြောပါဦးသခင် ။

ဖန်ဆင်းရှင်က နွမ်းဖျော့နေတဲ့ကောင်လေးကိုဆုတောင်းပေးနေတယ် ။ အဆောင်တစ်ခုလုံးတိတ်ဆိတ်နေကြပြီး Alpha ရဲ့ပုံစံကတော့ဖရိုဖရဲပျက်ယွင်းလို့ ။ သူတို့သားရဲနယ်မြေထဲအဆင်ပြေပြေရှိခဲ့ပါရဲ့ အိမ်အပြန်လမ်းမှာထဲက Sean က တစ်ခုခုကိုငိုင်တွေနေပြီးထူးဆန်းနေခဲ့တာဖြစ်တယ် ။ ထို့နောက်မှာတော့သတိလစ်သွားခဲ့တာယခုချိန်ထိပဲ ။ Sean မေ့မျောနေတာ နေ့ဝက်ကြာသွားခဲ့ပြီ ။

"အရှင်... ကျွန်တော့်ကြင်ယာတော်..."

"အချိန်ကနီးကပ်လာပြီ စိတ်ကိုကြိုတင်ပြင်ဆင်ထားပါတော့ ၊သူ့နေရာအစစ် ပုံရိပ်အစစ်ကိုသူချိတ်ဆက်မိသွားပြီ "

"သူ့နေရာအစစ်? "

Alpha က ခြေအနည်းငယ်ခွေယိုင်သွားခဲ့တယ် ။သူ့သည်းညှာလေးရဲ့နေရာအစစ်တဲ့လား ။ အဓိပ္ပါယ်မရှိလိုက်တာ ။ Sean ကအမြဲသူ့အချစ်ဆုံးလေးဖြစ်ခဲ့ပြီး Sean နေရာအစစ်က သူ့ရင်ခွင်အပြင်ဘာများရှိနိုင်ဦးမှာတဲ့လဲ ။ ဒါကယုတ္တိမတန်တဲ့ဟာသပဲ ဖြစ်တယ် ။

ငိုင်တွေနေတဲ့ Alpha က Sean မနိုးလာခင်အထိ ကလေးတွေကိုတောင်တစ်ချက်မကြည့်နိုင်ဘဲ အသက်မဲ့ရုပ်ထုလိုငိုင်တွေနေခဲ့တယ် ။

"သခင် "

"S Sean "

"အိမ်တောင်ရောက်ပြီလားနော် ထုထုအကြာကြီးအိပ်ပျော်သွားတာပဲ "

"အင်း အကြာကြီးပဲ နောက်ခါအကြာကြီးမအိပ်နဲ့နော် ကိုယ်တစ်ယောက်ထဲအထီးကျန်တယ် Sean ပိစိရဲ့ "

"သခင်အထီးကျန်နေတာလားနော် "

ယိုင်နဲ့နဲ့ထလာပြီး နဖူးချင်းထိလို့နှာတံလေးတွေပွတ်တိုက်နေတဲ့ကောင်လေးကိုသူထွေးငုံပြီးနမ်းလိုက်တယ် ။

"အီးတုံးလေးတွေရော "

"Sean ကိုထိုင်ကြည့်နေတာနဲ့ ကိုယ်သူတို့ကိုတောင်မေ့နေတယ် "

"ထုထုကို အချစ်ဆုံးပေါ့ "

"ကလေးတွေလည်း Sean မွေးပေးထားပဲ အတူတူချစ်တာပေါ့ "

"ထုထုကိုအချစ်ဆုံးပဲလို့ကြားချင်ပါတယ်ဆို "

"ကလေးလေးတွေကပိုချစ်စရာကောင်းသလားလို့ "

Xiao Tu Tu and Leo Where stories live. Discover now