~55~

7.7K 1K 94
                                    

အခန်း (၅၅) - အလိုလိုက်ခံနေရတဲ့ထုထု ။

ဒူးရဲရဲနဲ့ အမျိုးသားနှစ်ယောက်ကမီးဖိုချောင်ထဲအလုပ်ရှုပ်နေကြတယ် ။ တစ်ယောက်ကတော့အလုပ်ရှုပ်နေတာဖြစ်ပြီး ကျန်တစ်ယောက်ကတော့အရှုပ်လေးတွေလုပ်နေတာပါ ။

သကြားခဲကိုဆီပူထဲပစ်ထည့်ဖို့လုပ်နေတဲ့လက်ကလေးတွေကိုဖမ်းထားလိုက်တော့ Sean က မျက်လုံးလှန်ကြည့်ရင်း မကျေနပ် ။

"ထည့်မို့ "

"ထည့်ပြီးပြီလေ အရမ်းများရင်မကောင်းဘူး "

"ငါးထည့်မယ် "

"ဖက်ထုပ်ကြော်စားမယ်ဆို "

ယုန်က ဆီပူထဲကြော်စရာပစ်ထည့်တိုင်းရှဲခနဲမြည်တာကိုသဘောကျနေတာပါ ။ ပခုံးထိလျှောကျလာတဲ့ အဝတ်ကိုဆွဲတင်နေရင်း သူကဘာပြောင်းဆော့ရမလဲဆိုတာ လိုက်ကြည့်လို့နေတယ် ။

"ထုထု... ထုထု အရွက်လှီးပေးမယ် "

"ဓားရှမယ်သဲငယ် "

"အာ့ဆို ကြက်ဥခွဲပေးမယ် "

"ကြက်ဥကအညှီပေရင်မရစစ်နဲ့နော် ကိုယ်ရေမချိုးပေးဘူး Sean ရေဆော့တာများနေပြီ "

"အာ့ဆိုထုထုဘာလုပ်ရမှာလဲလို့ "

လက်ထဲက ဓားကိုပစ်ချပြီး ကောင်လေးကခြေဆောင့်​နေတယ် ။ တစ်ညလုံးမြင်းတက်စီးခဲ့တာတောင် တစ်ချက်မနားဘဲ လျှောက်သွားနေတဲ့ အသေးလေးကိုသူသိပ်အံ့သြရပါတယ် ။ လမ်းလျှောက်သင်စကလေးလိုခပ်ယိုင်ယိုင်လျှောက်နေရပေမဲ့ မိုးလင်းထဲကအငြိမ်မနေတာ ။

"လာ "

ဒူးတစ်ဖက်ထောက်ပေးပြီး ကျောပေါ်တက်ခိုင်းတော့ ကောင်လေးကချက်ချင်းပြေးတက်လာတယ် ။ အပူနဲ့မကပ်မိအောင် ရှေ့ထွက်လာတဲ့ခြေထောက်တွေကို အင်္ကျီအိတ်ကပ်ထဲထည့်ပေးထားလိုက်ပြီး ကြော်လက်စဖက်ထုပ်တွေဆက်ကြော်ရတာပါပဲ ။ ကျောပေါ်က ကောင်လေးကသူ့ဆံပင်တွေဆွဲလိုက် ဂုတ်ကိုကိုက်ချလိုက် လုပ်နေပေမဲ့ နူးညံ့တဲ့ဖက်ထုပ်တွေတူးမသွားအောင်အာရုံစိုက်နေရတာမို့ လုပ်ချင်ရာလုပ်ခွင့်ပေးထားလိုက်တယ် ။

"ယေ့ ယေ့ ဖက်ထုပ်ရပြီ ဖက်ထုပ်စားတော့မယ် "

"စားချင်လား "

Xiao Tu Tu and Leo Where stories live. Discover now