~14~

7.9K 1.2K 128
                                    

အခန်း (၁၄) - ထုထုကိုတွေ့လား ကိုယ့်ခြေထောက်ပေါ်ကိုယ်ငုတ်တုပ်လေးရပ်နေတာ ။

အခန်းဝကနေ သခင့်ကျောပြင်လေးကို
ထုထုရပ်ကြည့်နေခဲ့တာအကြာကြီးပဲ ။ လာဗီယာကထုထုကိုဆွဲခေါ်ဖို့ကြိုးစားနေတာကိုရုန်းကန်ပြီး ထုထုသခင့်ဆီပြေးသွားလိုက်တယ် ။ သခင်ကထုထုကိုမြင်သွားပြီးနှုတ်ခမ်းလှုပ်ရုံ ရေရွတ်လို့ အံ့သြသွားပုံပဲ ။

ထုထုပြေးဖက်လိုက်တော့မယ်နော် ။ ယုန်က
လွယ်အိတ်ကိုချွတ်ချပြီးသူ့သခင်ဆီပြေးပါတယ် ။ ဒါပေမဲ့ သခင့်အနားမရောက်ခင်လူကြီးနှစ်ယောက်ရဲ့တားဆီးခြင်းကိုခံလိုက်ရတယ်။ လူစိမ်းတွေက အရမ်းထွားတာကြောင့်ထုထုတင်ပါးလေးကုတ်ပြီး ခပ်ရှိန်ရှိန်ကြည့်မိတာပေါ့ ။

"မင်းသမီး... နိမ့်ကျတဲ့အကောင်တွေကို သန့်စင်ဆောင်ထဲခေါ်လို့မရပါဘူး "

"အိုး ကျွန်မတောင်းပန်ပါတယ် "

ထုထုကို ပြောနေတယ် ။ ထုထု ထိုလူကြီးနှစ်ယောက်ရဲ့ခြေထောက်ခြားကနေခေါင်းလေးပြူပြီးသခင့်ကိုတိုင်လိုက်တယ် ။သခင်ကနှုတ်ခမ်းစေ့ပိတ်ပြီးမျက်လွှာချသွားခဲ့တယ် ။ သခင့်မျက်နှာအလွှဲမှာ ထုထုရင်ကွဲရတယ် ။ သခင်သူ့ကိုစွန့်ပစ်လိုက်ပြီဆိုတာ  ကောလဟာလမဟုတ်ခဲ့ဘူးပဲ ။ ထုထုနားလည်ပါပြီလေ ။

စကားပြောခွင့်မရှိတဲ့ Alpha က အွတင်းတင်းကျိတ်ပြီး သူ့အဖိုးတန်လေးစော်ကားခံနေရတာကို ငြိမ်သက်နေခဲ့ရတယ် ။

သူ့ယုန်ကသူ့ကို ယအတန်ကြာငေးစိုက်ကြည့်နေပြီးတဲ့နောက် အင်အားချိနဲ့စွာပြုံးပြီး နောက်ပြန်လျှောက်သွားတယ် ။လေးငါးလှမ်းနောက်ပြန်လျှောက်ပြီးတာနဲ့လွယ်အိတ်လေးကောက်လွယ်လို့ပြေးထွက်သွားခဲ့ပါ​တော့တယ် ။

****

လပြည့်ညကိုကျော်ဖြတ်ပြီးတဲ့အခါ Alpha က စိတ်သက်သာရာရသွားတယ် ။ သူ့ညီမဖြစ်သူက အနားမှာ မျက်နှာငယ်လေးနဲ့ရပ်နေခဲ့တယ် ။

"Sean ကိုခေါ်လာပေးမလား "

"လ..လပြည့်ပွဲတော်ရှိတယ်လေကိုကို "

"စကားလေးပဲပြောမှာပါ"

"ကိုကိုကလည်း ယုန်ကိုဘယ်လိုစကားပြောမှာလဲ၊ နှုတ်စည်းဖြေထားတာမကြာသေးတော့ကိုကိုအနားယူသင့်တယ် စကားအများကြီးပြောရင်  ..."

Xiao Tu Tu and Leo Where stories live. Discover now