Happy Xiao Tu Tu Day

6.3K 1.1K 94
                                    

တစ်နေ့လုံး Alpha နားမှာမကပ်ဘဲရှောင်နေတဲ့ ယုန်လုံးက ယုန်ပုံစံဖြစ်သွားတော့ လက်ပုတျုလေးနောက်ပစ်သလိုလုပ်ထားရင်း ခေါင်းလေးစောင်းလို့ သူ့သခင်နားပြန်ရောက်လာတယ် ။

သခင်းးးး ။

"ဟော... စိတ်ပြေပြီလား "

ထုထုခေါင်းအသာညိတ်ပြလိုက်တယ် ။

သခင်း ထုထုအရေးတကြီး ပြောပြစရာရှိဒယ်း။

ဟပ်ချလောင်း ။

ခြေနှစ်ချောင်းကားလို့လှန်ပြနေတဲ့ယုန်ကို Alpha က နားမလည်သလိုကြည့်လိုက်တယ် ။

"သန့်စင်ခန်းဝင်လာတာလား "

Alpha က တစ်ရှုးအစိုကိုထုတ်ပြီးယုန်ရဲ့ အပေါက်ဝရဲရဲလေးကိုသန့်စင်ပေးလိုက်တယ် ။

ဟာ မဟုတ်ဘူးလေ သခင်းးး ။

ထုထု အရှေ့ကိုတရွတ်လေးတွန်းသွားပြီးထပ်လှန်ပြလိုက်တယ် ။

"အသန့်တအားကြိုက်နေပါ့လား... အများကြီး
သုတ်ရင် ဂန္ဓာပန်းလေးပွန်းသွားလိမ့်မယ် "

ထုထုစိတ်မရှည်တော့ဘဲ အပြင်ထွက်လာပြီဖြစ်တဲ့ ဥလေးကိုပုတ်ပြလိုက်တယ် ။ ဘုတ်ဘုတ် ။ ထုထုရဲ့အင်္ဂါတွေပေါ်ပြီ ။ ထုထုလူပျိုဖြစ်ပြီ ။

"ဘာပြတာလဲ... လူပြောင်းပေးရမလား "

ယုန်က Alpha ရဲ့လက်ကိုတွန်းပြီး သေးသေးလေးပဲပေါ်တဲ့ယုန်ဘောဥကိုမရမကပုတ်ပြနေပါတော့တယ် ။

"ကိုယ့်ကိုဆဲချင်လို့လားအသေးလေး ? ".

ယုန်ဘောဥလေးက အင်မတန်သေးငယ်လွန်းတာမို့ Alpha မမြင်ရတာ အပြစ်တော့မဆိုသာပေ ။

ယုန်က Alpha ရဲ့မျက်နှာနားထိကပ်သွားပြီးထပ်ပုတ်ပြမှ Alpha က ထိုနေရာကို အသာဖြဲကြည့်တယ် ။

"အနာလုံးလေးလား"

အား  ...ဒီသခင်ကတော့ ။ ထုထုထလိုက်ပြီး
ပါပါပါးပုံစံလုပ်ပြလိုက်တယ် ။

Alpha ကနားလည်သွားတယ် ။ သူက တိကုဆရာဝန်ကိုဖုန်းဆက်လိုက်ပြီးနောက်မှာတော့ မျက်နှာမသာယာတဲ့ဆရာဝန်ကတွန့်ဆုတ်ဆုတ်နဲ့ရောက်လာခဲ့ပါတော့တယ် ။

Xiao Tu Tu and Leo Where stories live. Discover now