PART 1(Z+U)

7.6K 346 2
                                    

Zawgyi

"ပထမဆုံးတွေ့ဆုံခြင်းမှာ ဒေါသတွေနဲ့မိုးစက်တွေနဲ့"

လမ်းတွေလမ်းသွယ်တွေပေါများသော်လည်းပဲ မြို့တော်ရန်ကုန်၏တချို့သောလမ်းမတွေပေါ်မှာ ကားကြပ်သည်ကတော့ ထုံးစံပင်။
ယခုလည်း မီးပွုင့်ရှိမီးက နီပြီးသည့်နောက် ဒုတိယကြိမ်မြောက် ပြန်စိမ်းသွားပေမယ့် ကားတန်းကြီးဟာ ရွေ့သွားသည်ဟုတောင်မထင်ရ။

အလုပ်သွားချိန်၊ ကျောင်းသွားချိန်ဖြစ်သောကြောင့် YBSများပေါ်တွင်လည်း လူကြီး၊ လူငယ် ကြိတ်ကြိတ်တိုးလျက်ရှိ၏။
မိုးဦး၏ မိုးစက်များကလည်း တစ်ဖြောက်ဖြောက်နှင့်အကျစိပ်နေသည်မို့ စိုထိုင်းသောရာသီဥတုနှင့် ဒီလိုအခြေအနေနဲ့ကတော့ သိပ်အဆင်မပြေလှပေ။

ထိုကားတန်းကြီး၏အလယ်နားမကျတကျလောက်တွင် "မင်းအဏ္ဏဝါ"မှာလည်း စိတ်ကိုအတတ်နိုင်ဆုံးဆွဲဆန့်ထားပြီး ဒီကားတန်းကြီးရွေ့သွားဖို့ရန် စောင့်ဆိုင်းနေရသည်မှာအတော်ကြာနေပြီဖြစ်လေသည်။

"တီ! တီ!"

ဟွန်းကိုခပ်ပြင်းပြင်းတီးလိုက်သည့်အသံက ညာဘက်ခြမ်းမှထွက်ပေါ်လာရာ အဏ္ဏဝါက တစ်ချက်စောင်းငဲ့ကြည့်လိုက်မိ၏။

လမ်းရှင်းသော်လည်း မကွေ့ဘဲရပ်နေသည့် အရှေ့ကကားကြောင့် Maseratiအနက်ထဲမှ လူဟာစိတ်မရှည်နိုင်တော့ဘဲ ဟွန်းတီးလိုက်ခြင်း။

သို့ပေမယ့် အရှေ့ကားထဲရှိလူက ကားကိုမကွေ့သွားသည့်အပြင် လက်ခလယ်ပင်ထောင်ပြလိုက်တာမို့ အဏ္ဏဝါတောင် ကြည့်နေရင်း မျက်မှောင်ကျုံ့မိကာ "လူ့ဂွစာ"ဟူ၍ပြောမိသွားရသည်အထိ။

သို့ပေမယ့် တစ်ခဏအကြာတွင် တွေ့လိုက်ရသောအဖြစ်အပျက်က သူ့ကိုလည်းမျက်ခုံးပင့်စေမိသလို၊ ဘေးပတ်ဝန်းကျင်ရှိလူတွေကိုလည်း အလန့်တကြားဖြစ်သွားစေ၏။

ဘာကြောင့်ဆို အရှေ့ကထိုကားဟာ အကောင်းစားကားအနက်ရောင်လေး၏ အရှိန်ပြင်းပြင်းနဲ့အနောက်ကနေ တိုက်လွှတ်တာကို ခံရလိုက်သောကြောင့်ပင်ဖြစ်၏။

"My Only One" ✔️Where stories live. Discover now